ရေလွှမ်းမိုးမှုကြောင့် သြစတြေးလျအရှေ့မြောက်ပိုင်းတွင် ၂ ဦးသေဆုံး

ရေလွှမ်းမိုးမှုကြောင့် သြစတြေးလျအရှေ့မြောက်ပိုင်းတွင် ၂ ဦးသေဆုံး

ဖေဖော်ဝါရီ ၆ ။           ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က သြစတြေးလျအရှေ့မြောက်ပိုင်းဒေသတစ်ဝန်းမှာ မိုးပြင်းထန်စွာရွာသွန်းခဲ့ပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ရာ ဒေသခံယောကျာ်းလေး ၂ ဦးသေဆုံးသွားကြောင်း သြစတြေးလျအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။

မကြုံစဖူးကြုံရတဲ့ ယခုလိုရေလွှမ်းမိုးမှုကြောင့် သြစတြေးလျအရှေ့မြောက်ပိုင်းဒေသတစ်လျှောက်ရှိ လေဆိပ်တွေ၊ ကျောင်းတွေ ပိတ်ထားခဲ့ရပြီး ကားတွေ၊ အိမ်တွေလည်း ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

ရေလွှမ်းမိုးမှုဒဏ်ကို အပြင်းထန်ဆုံးကြုံတွေ့ခဲ့ရတဲ့ တောင်းစ်ဗီးလ်မြို့မှာတော့ ဒေသခံ ၆၅၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားသလို အိမ်ခြေ ၁၁၀၀၀ ခန့်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်လျက်ရှိတယ်လို့ သိရပါတယ်။

ရေလွှမ်းမိုးမှုကြောင့် သေဆုံးသွားခဲ့တဲ့ ဒေသခံယောကျ်ားလေး ၂ ဦးမှာ အသက် ၂၀ ဝန်းကျင်သာရှိကြောင်း၊ ၎င်းတို့ရဲ့အလောင်းတွေကို တောင်းစ်ဗီးလ်မြို့အနီးတစ်ဝိုက်မှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း သြစတြေးလျအာဏာပိုင်တွေက ပြောပါတယ်။

မုတ်သုံရာသီအတွင်း မိုးဆက်လက်ရွာသွန်းနိုင်ခြေရှိတဲ့အတွက် များမကြာမီမှာလည်း ရေလွှမ်းမိုးမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း၊ ဒေသခံတွေအနေနဲ့ သတိကြီးစွာထားပြီး နေကြဖို့လိုအပ်ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly