မွေးနေ့ပွဲကို ထူးခြားတဲ့ ချိုင်းထောက်နဲ့ ကျင်းပခဲ့တဲ့ နေမာ

မွေးနေ့ပွဲကို ထူးခြားတဲ့ ချိုင်းထောက်နဲ့ ကျင်းပခဲ့တဲ့ နေမာ
Photos: AFP

နေမာဟာ သူ့ရဲ့ အသက် ၂၇ နှစ်ပြည့် မွေးနေ့ပါတီကို တနင်္လာနေ့ညနေပိုင်းက ပဲရစ်မြို့မှာ ကျင်းပခဲ့ပြီး ပီအက်စ်ဂျီအသင်းဖော်တွေနဲ့ နာမည်ကြီး ဆယ်လီတွေ တက်ရောက်ခဲ့ကြပါတယ်။

နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့ DJ ဘော့စင့်ကလဲယား၊ ဘရာဇီးအဆိုတော် ဝီစလီ ဆာဖာဒါအို၊ ကမ္ဘာ့ရေလွှာလျှော်စီး ချန်ပီယံ ဂါဘရီရယ် မီဒီနာတို့အပါအဝင် ဧည့်သည် ၂၀၀ ခန့် တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

ညာဘက်ခြေဖဝါးရိုးကျိုး ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူနေတဲ့ ကမ္ဘာ့စျေးအကြီးဆုံး ကစားသမားဟာ ထူးခြားတဲ့ အနီရောင် ချိုင်းထောက်နဲ့ သူ့ရဲ့ဧည့်သည်တွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေတာ တွေ့ရမှာဖြစ်ပါတယ်။

သူ့ရဲ့ ၂၇ နှစ်ပြည့် theme အရောင်ကို 'Nuit Rouge (အနီရောင်ည Red Night)'လို့ ပေးထားတယ်လို့ သိရပါတယ်။

အခြားကလပ်အသင်းဖော်ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် သီယာဂို ဆေးလ်ဗားနဲ့ ဂိုးသမား အရီယိုလာတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အင်္ဂါနေ့က အသက် ၂၇ နှစ်ပြည့်တဲ့ နေမာဟာ ပြီးခဲ့တဲ့လက ညာခြေဖဝါးဒဏ်ရာရရှိခဲ့ပြီး ၁၀ ပတ်ခန့် အနားယူရမှာဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ မန်ယူနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် နှစ်ကျော့စလုံးကို လွဲချော်ဖို့ ရှိနေပါတယ်။

နေမာရဲ့ မွေးနေ့ဟာ အခြား ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့ အင်္ဂါနေ့က အသက် ၃၄ နှစ်ပြည့်တဲ့ စီရော်နယ်လ်ဒို၊ ၃၅ နှစ်ပြည့် ကားလို့စ် တီဗက်နှင့် ၅၄ နှစ်ပြည့်  ရိုမေးနီးယား ကစားသမားဟောင်းကြီး ဟာဂီတို့နဲ့အတူ ကျရောက်ခဲ့တာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags