ဗုံးသီးဟောင်းကို ကျောင်းသားတစ်ဦးက ဓာတ်ခဲ၊ ဝါယာကြိုးနှင့် ချိတ်ဆက်ရာမှ ပေါက်ကွဲမှု ဖြစ်ပွား  

ဗုံးသီးဟောင်းကို ကျောင်းသားတစ်ဦးက ဓာတ်ခဲ၊ ဝါယာကြိုးနှင့် ချိတ်ဆက်ရာမှ ပေါက်ကွဲမှု ဖြစ်ပွား  
ဓါတ်ပုံ စကုနယ်မြေရဲစခန်း

မင်းဘူး၊ ဖေဖော်ဝါရီ ၅ ။           ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဖေဖော်ဝါရီလ ၄ရက်နေ့က ဗုံးသီးဟောင်း(ခဲယမ်းတောင့်)ကို  ကျောင်းသားတစ်ဦးက ဓာတ်ခဲ၊ ဝါယာကြိုးနှင့် ချိတ်ဆက်ရာမှ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဆိုပါ ကျောင်းသားမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း စကုနယ်မြေရဲစခန်းက သိရသည်။

ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁နာရီ ၅ဝမိနစ်အချိန်ခန့်တွင် မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာတွင် နေထိုင်သော အသက် ၁၂ နှစ်အရွယ်ရှိ ငါးတန်းကျောင်းသား မောင်ဖိုးချစ်သည် ကျောင်းမှ နေအိမ်သို့ ပြန်လာစဉ် လမ်းဘေးချုံစပ်မှ ၄၀ မမ ဗုံးသီးဟောင်း တစ်လုံးကို ကောက်ရပြီး နေအိမ်သို့ ယူဆောင်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးသီးဟောင်းကို ပါဝါဓာတ်ခဲကြီး/ ဝါယာကြိုးနှင့် ဆက်သွယ်ရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲ မှုကြောင့် ဖိုးချစ်၏ နှာခေါင်း၊ ဝဲ/ယာ လက်/ခြေထောက်များတွင် ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ကာ မင်းဘူး(စကု)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ပေါက်ကွဲပြီးကျန်ရှိသည့် ဗုံးသီးဟောင်း အပိုင်းအစများကို စကု ခလရ(၁၀)မှ တပ်ရေးဗိုလ်ကြီး ကျော်ဝင်းသူဦးဆောင်သည့် အဖွဲ့မှ တပ်ရင်းသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly