အောင်ရဲထွေးသေဆုံးမှုအတွက် လုံခြုံရေးဝန်ထမ်းနှင့် ကျော်ဇောဟန်၏ ချစ်သူတို့ကိုစစ်ဆေး

အောင်ရဲထွေးသေဆုံးမှုအတွက် လုံခြုံရေးဝန်ထမ်းနှင့် ကျော်ဇောဟန်၏ ချစ်သူတို့ကိုစစ်ဆေး

ဖေဖော်ဝါရီလ ၅ ။           ။ ရန်ကုန်အရှေပိုင်းခရိုင်တရားရုံး မှ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုအတွက်စစ်ဆေးရာတွင်  ပြန်ခေါ်သတ်သေအဖြစ်အခင်းဖြစ်ပွားသည့်နေရာအနီးတွင် လုံခြုံရေးတာဝန်ကျသည့် The One Entertainment Park မှ လုံခြုံရေးဝန်ထမ်း ကိုနေမျိုးအောင်နှင့် ကျော်ဇောဟန်၏ ချစ်သူတို့ကိုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၅ရက်နေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေများကိုစစ်ဆေးရာတွင် အခင်းဖြစ်ပွားသည့်နေရာ အနီးတွင် လုံခြုံရေးတာဝန်ကျသည့် The One Entertainment Park မှ လုံခြုံရေးဝန်ထမ်း ကိုနေမျိုးအောင် ကို စစ်ဆေးခဲ့ပြီး ထိုးကြိတ်ခံထားရသူမှာလဲနေပြီး  vodka အရက်ပုလင်းကို လက်ကကိုင်၍မြောက်ပြီး  မည့်သူ ရိုက်သည်ကိုမသိကြောင်းနှင့် အခင်းပွားရာနေရာသို့ ရောက်ချိန်တွင် ရိုက်သူမှ ပုလင်း ကိုချပြီး ဆင်းပြေး သွားကြောင်း တရားခွင်၌ ထွက်ဆိုခဲ့သည်။

 ထိုသို့ အခင်းဖြစ်ပွားဖြစ်ပြီးနောက် vodka အရက်ပုလင်းကိုချပြီး ဆင်းပြေးသူမှာ အရပ်မြင်မြင့် ဆံပင်တိုတို ပုံစံရှိပြီး အကွာအဝေး ၇ ပေ ၈ပေ ခန့်မှ မြင်ရတာဖြစ်သောကြောင့် မည်သူမှန်းမသိပါဟု တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ဆက်လက်၍ ပြန်ခေါ်သတ်သေအဖြစ် တရားခံကျော်ဇောဟန် (ခ) ကျော်ဇေ၏ ချစ်သူအမျိုးသမီး မအေးချမ်းမြင့်ကို စစ်ဆေးမေးမြန်းရာတွင် ကျွန်မတို့ vvip စင်ပေါ်သို့တတ်သွားပြီးနောက် စင်ပေါ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေ၍ ကျော်ဇောဟန် မှ ကျွန်မ၏လက်ကိုဆွဲကာ အောက်သို ့ ပြန်ဆင်းလာခဲ့သည့် ဟု ထွက်ဆိုခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွားသည့်၂၀၁၇ ဒီဇင်ဘာလ ၃၁ရက် ညနေ ၆နာရီမှ၂၀၁၈ ဇန်နဝါရီ ၁ ရက် နံနက်၄ နာရီအချိန်အထိ ကျွန်မ ကျော်ဇော်ဟန် (ခ) ကောင်းမြတ်လင်း (ခ )နွားကြီး တို ့ လုံးဝပါဝင် ပတ်သက်ခြင်းမရှိဟု တရားခွင်၌ ထွက်ဆိုခဲ့သည်။

 စွဲချက်တင်ခံထားရသည့် သန်းထွဋ်အောင်(ခ)သားကြီးနှင့် ပြည်ဖြိုးအောင်(ခ) အောင်လေး ၊ ကျော်ဇောပာန် (ခ)ကျော်ဇော တို့ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က အရှေ့ပိုင်းခရိုင်းတရားရုံးတွင် ရုံးထုတ်ခဲ့သည်။

အောင်ရဲထွေးသေဆုံးခဲ့မှုအတွက် သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့ကို လူသတ်မှုပုဒ်မ ၃၀၂ အပိုဒ်ခွဲ (၂)ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချခဲ့မှတ်ခဲ့ပြီး ကျော်ဇောဟန် (ခ) ကျော်ဇောက်ို လူသတ်မှုဖြစ်ပေါ်လာစေရန် ပူးပေါင်းကြံစည်မှုပုဒ်မ ၃၀၂ ပိုဒ်ခွဲ (၂) / ၁၁၄ နဲ့ စွဲချက်တင်ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှ ဇန်နဝါရီလ ၇ ရက်နေ့က  အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ အမှုအတွက် နောက်တစ်ပတ်ရုံးချိန်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ကျန် ရှိနေသည့် ပြန်ခေါ်သက်သေ ၄ ဦးကို ဆက်လက် စစ်ဆေးသွားမည်ဟု သိရသည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် ဦးနှောက် ဖိညှပ်ခံရခြင်း၊ဦးနှောက်ဖူးယောင်ခြင်း စသည့် ဒဏ်ရာ လက္ခဏာများဖြင့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly