ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် မြိတ်တွင် သစ် ၁၃ တန်ကျော်နှင့် သယ်ဆောင်သူ ၄ ဦးဖမ်းမိ

ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် မြိတ်တွင် သစ် ၁၃ တန်ကျော်နှင့် သယ်ဆောင်သူ ၄ ဦးဖမ်းမိ
ဓာတ်ပုံ- သစ်တောဦးစီးဌာန

ရန်ကုန်၊ ဖေဖော်ဝါရီလ ၅ ။        ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-တနင်္သာရီကားလမ်းဘေး၊ ကျောက်ဖြူတောင်ကျေးရွာအနီးနေရာနှင့် ကလွင် ကျေးရွာအုပ်စု၊ မြို့ပတ်(၁)လမ်းနေရာတို့တွင် ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် သစ်တန်ချိန် ၁၃ တန်ကျော်နှင့် သယ်ဆောင်လာသူ ၄ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်- CMRS ဖြင့်ရရှိသောသတင်းအရ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အဆိုပါ သစ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ သတင်းအရ စောင့်ကြည့်စစ်ဆေးနေစဉ် ၁၂ ဘီးယာဉ်နှင့် DYNA အဖြူရောင် ယာဉ်တို့ ပေါ်၌ တရားမဝင်သယ်ဆောင်လာသည့် တန်ချိန် ၁၃ ဒသမ ၃၉၇၂ တန်ရှိ သင်္ကန်း/ကဒွတ်/ အောက်ချင်းစာ သစ်ခွဲသားစုစုပေါင်း ၄၂၂ ချောင်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သစ်များသယ်ဆောင်လာသည့် ယာဉ်ပေါ်မှ အမျိုးသား ၄ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ၎င်းတို့အား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly