နမ့်စန်မြို့နယ်တွင် သေနတ် ၂၆ လက်နှင့် ခဲယမ်းများ ဖမ်းမိ

နမ့်စန်မြို့နယ်တွင် သေနတ် ၂၆ လက်နှင့် ခဲယမ်းများ ဖမ်းမိ
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ။           ။ နမ့်စန်မြို့နယ်တွင် သေနတ် ၂၆လက်နှင့် ခဲယမ်းများ၊ ဆက်သွယ်ရေးပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၇ နာရီ အချိန်တွင် နမ့်စန်မြို့နယ်၊ လွိုင်ယဲကျေး ရွာအုပ်စု လွိုင်ယဲ-တိုင်းခေါင်း ကျေးရွာ ကားလမ်း၌ နမ့်စန်မှ လွိုင်ယဲ-တိုင်းခေါင်ကျေးရွာသို့ ယာဉ်မောင်း ခွန်ရွှေအေး(၄၄)နှစ် မောင်းနှင် လာသည့် 7I/×××× Pajero ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်း ကြမ်းပြင်ပေါ်မှ တရုတ်နိုင်ငံလုပ် စက်လက်သေနတ် ၁ လက်နှင့် ကျည်အိမ် အဝိုင်း ၁ ခု တို့အား သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ခွန်ရွှေအေး(၄၄)နှစ်အား စစ်ဆေးရာ အဆိုပါ သေနတ်နှင့် ကျည်အိမ်တို့ကို နမ့်စန်မြို့နယ်၊ မက်မွန်မုန်း အမှတ်(၂)ကျေးရွာတွင်နေထိုင်သော စိုင်းဘမောင်၏နေအိမ်မှ ပြန်လည်ရောင်းချရန် ယူဆောင် လာခဲ့ကြောင်းသိခဲ့ရသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ၁၁နာရီ ၃ဝတွင် စိုင်းဘမောင်၏နေအိမ်သို့ ဆက်လက် ရှာဖွေရာ စိုင်းဘမောင်ကို မတွေ့ရှိဘဲ နေအိမ်အတွင်းမှ သေနတ်မျိုးစုံ ၂၅ လက်နှင့် ကျည်မျိုးစုံ ၆၁၄၂တောင့်၊ ကျည်အိမ်မျိုးစုံ ၁၈ရခု ၊ ၄၀ မမ ဗုံးသီး ၃၄ လုံး၊ ၃၆ ခွင်းဗုံး ဖြူးစ်ပါ ၂ လုံး၊ 91 လက်ပစ်ဗုံး ဖြူးစ်ပါ ၁ လုံး၊ ယမ်းပျော့ ၄၀ ချောင်း၊ ဒီတိုနေတာ ၁၆၀ ခု၊ အရှည် ၅ ပေခန့် ယမ်းကြိုး ၁ ချောင်း၊ 7.62 ကျည်ခါးပတ်တွဲ ၁၄ ခု၊ စနိုက်ဘာ မှန်ပြောင်း ၃ ခု၊ M 16 ဘက်နက် ၁ ချောင်း၊ အီကွေး မင့်ခါး ပတ်ကြီး ၁ ခု၊ ပစ္စတိုအိတ် ၁ ခု၊ ICOM-V 8000 အထိုင်စကားပြောစက် ၁ လုံး၊ လက်ကိုင် စကားပြောစက် ၉ လုံး၊ THURAYA ဂြိုလ်တုဖုန်း ၁ လုံး၊ လက်ကိုင် စကားပြောစက် ဘတ္ထရီ ပတ် ၃ ခုနှင့် ကြိုးမပါ အားသွင်းခုံ ၃ ခုတို့အား ရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြည်ထဲရေးက ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိသော လက်နက်များသည် (တရုတ်နိုင်ငံနှင့် အမေရိကန် နိုင်ငံလုပ် စက်လက် -၂ လက်၊ HK 33-၂လက်၊ M 21 - ၁လက်၊ M 22 - ၄လက်၊ ကာဘိုင် - ၁လက်၊ M 16 (အတို) - ၂လက်၊ M 16/40 MM တွဲလျက် - ၁လက်၊ ပွိုင့် 22 - ၁လက်၊ ၉ မမ ပစ္စတို - ၁၁လက်) တို့ ဖြစ်ပြီး ကျည်မျိုးစုံ ၆၁၄၂ တောင့်တွင် (M 22 - ၁၁၃ဝတောင့်၊ 5.56 - ၂၈၂၂တောင့်၊ ပွိုင့် 22 - ၉၉၅တောင့်၊ ပွိုင့် 25- ၅ဝတောင့်၊ 7.65 - ၁၃၄တောင့်၊ .၃၈ ဗို့ - ၁ဝဝတောင့်၊ ၉ မမ - ၉၀၁တောင့်၊ .၃၀ - ၁ဝတောင့်)၊ ကျည်အိမ်မျိုးစုံ ၁၈၇ ခုတွင် (တရုတ်နိုင်ငံလုပ် စက်လက် ကျည်အိမ်အဝိုင်း - ၁ ခု၊ HK 33 - ၈ခု၊ M 22 - ၁၂၃ခု၊ M 16 - ၃၁ခု၊ ၉ မမ - ၂၂ခု၊ ပွိုင့် 22 - ၁ခု၊ ကာဘိုင် - ၁ခု)တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စအတွက် ခွန်ရွှေအေးနှင့် စိုင်းဘမောင်တို့အား နမ့်စန်မြို့မ ရဲစခန်းတွင် (ပ)၅/၂၀၁၉၊ ရှမ်းလက်နက် ပုဒ်မ ၁၂(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required