မန္တလေးမီးလင်းရေးအတွက် ၇ နှစ်အရွယ်ကလေးငယ်က မုန့်ဖိုးစုငွေများကို လှူဒါန်း

မန္တလေးမီးလင်းရေးအတွက် ၇ နှစ်အရွယ်ကလေးငယ်က မုန့်ဖိုးစုငွေများကို လှူဒါန်း
(ဓာတ်ပုံ၊ဒေါက်တာရဲလွင်)

မန္တလေး၊ ဖေဖော်ဝါရီ ၄ ။            ။ မန္တလေးမြို့တော် မီးလင်းရေးဆောင်ရွက်နေသည့် စည်ပင်သာယာရေးကော်မတီသို့ အသက် ၇ နှစ်ရွယ် ကလေးတစ်ဦးက လမ်းမီးတိုင် ၅ တိုင်အတွက် ငွေကျပ် ၃ရသိန်းကို ဖေဖော်ဝါရီလ ၄ရက်က လာရောက် လှူဒါန်း သွားသည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။

 "အသက်ရနှစ်ပဲရှိပါသေးတယ်။ မောင်ပြည့်ဖြိုးဝင့် Grade 3 VEC ပညာ့ရိပ်သာကပါ။ဖိုးဖိုးဖွားဖွား ဖေဖေမေမေ ဦးလေးအဒေါ်တွေက ပေးခဲ့တဲ့မုန့်ဖိုးတွေကို မစားရက် မသုံးရက် စုလာခဲ့တာပါ။စုဘူးဖောက်တဲ့နေ့က ၃၁သိန်း ကျော်ရပါတယ်။သတင်းစာတွေထဲမှာပါတဲ့ မီးတိုင်အလှူတွေအကြောင်းနဲ့ မြို့တော်မှာ မီးတွေထိန်ထိန် လင်းလာတာတွေတွေ့ပြီး လာလှူတာပါ။၅တိုင်အထိလှူချင်လို့ မိဘကို လိုနေသေးတဲ့ ၆သိန်းကျော် ထပ်ဖြည့်ခိုင်းပါတယ်။"ဟုဒေါက်တာရဲလွင်ကပြောသည်။

 ဆက်လက်၍ ဒေါက်တာရဲလွင်က "သားလေးကိုမေးဖြစ်တယ်။ I pad တွေ အဝတ်အစားတွေ မဝယ်ချင်ဘူး လား လို့ဆိုတော့ သားက မီးတိုင်ပဲလှူချင်တာ လို့ပြန်ဖြေတယ်။အသက်အငယ်ဆုံးနဲ့ စေတနာအပြတ်ဆုံး အလှူရှင် လေးပါ။"ဟုပြောသည်။

 ကလေးငယ်သည် မန္တလေးနေ့စဉ် သတင်းစာတွင် လမ်းမီးတိုင်လှူနေသည်များကို မြင်တွေ့ပြီး ယခုလို စုထားသည့်ငွေကို လှူဒါန်းခြင်းဖြစ်သည်။

ဒေါက်တာရဲလွင်က "ဒီနေ့တစ်နေ့ထဲ မီးတိုင်အလှူရှင်(၇)ဦးက စုစုပေါင်းအလှူငွေ ၂၃၅သိန်းလာရောက် လှူဒါန်းသွားပါတယ်။ယနေ့အထိ လှူဒါန်းငွေ စုစုပေါင်း ၅,၇၁ဝသိန်း လက်ခံရရှိပြီးပါပြီ။"ဟုပြောသည်။

 လမ်းမီးတိုင်များ လှူဒါန်းလိုသူများအနေဖြင့် မီးလုံးနှစ်ဖက်ပါ လမ်းမီးတိုင်တစ်တိုင်အတွက် ငွေကျပ် ၁၀ သိန်း၊မီးသီးတစ်လုံးပါ လမ်းမီးတိုင်တစ်တိုင်အတွက် ငွေကျပ် ၇ သိန်းခွဲ သတ်မှတ်ထားပြီး ထိုသို့ လှူဒါန်း လာသော မီးတိုင်များကိုမန္တလေးမြို့တာ်စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာများနှင့်ဝန်ထမ်းများက တာဝန်ယူတပ်ဆင်ပေးသွားမှာ ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly