ONE: REIGN OF VALOR ပြိုင်ပွဲ၏ တွဲဆိုင်းများ ကြေညာ

ONE: REIGN OF VALOR ပြိုင်ပွဲ၏ တွဲဆိုင်းများ ကြေညာ

ဖေဖော်ဝါရီလ ၄ ။        ။ လာမည့် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း၌ ကျင်းပမည့် ONE: REIGN OF VALOR ပြိုင်ပွဲတွင် မြန်မာနိုင်ငံသူ လက်ဝှေ့မယ် အန်တိုနီယာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဓိက တွဲဆိုင်းများကို ဖေဖော်ဝါရီလ ၄ ရက်တွင် ကြေညာခဲ့သည်။

အဓိကတွဲဆိုင်းဖြစ်သော ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်သူ ဆွီဒင်နိုင်ငံသား Zebaztian Kadestam သည်  ကာဇက်စ္စတန် နိုင်ငံသား Georgiy  Kichigin နှင့် ယှဉ်ပြိုင်ကာ ၎င်း၏ ခါးပတ်ကို ပထမဆုံးအကြိမ်အဖြစ် ကာကွယ် ထိုးသတ်သွားမည်ဖြစ်သည်။
 
Kadestam သည် ပြီးခဲ့သည့် နိုဝင်ဘာလက ရှုံးပွဲမရှိသော အမေရိကန်ကစားသမား Tyler McGuire ကို ပဥ္စမအချီတွင် အလဲထိုးအနိုင်ယူကာ လစ်လပ်နေခဲ့သော ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံ နေရာကို အရယူနိုင်ခဲ့သည်။ ယခုအခါ ဝါရင့်ကစားသမား Kichigin နှင့် ယှဉ်ပြိုင်ကာ ၎င်း၏ ONE ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်သွားမည် ဖြစ်သည်။

Kichigin သည် ကာဇက်စ္စတန်နိုင်ငံ၊ Almaty မှ ကျော်ကြားသော နပမ်းကစားသမားတစ်ဦးဖြစ်ပြီး အနိုင်ရရှိခဲ့ သော ပြိုင်ပွဲပေါင်း ၂၀ တွင် ၁၆ ပွဲသည် ချုပ်ကွက်သုံးကာ အနိုင်ရရှိထားခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ရှုံးပွဲမရှိ အနိုင်ရရှိခဲ့ကာ ယခုအချိန်အထိ ပြိုင်ပွဲ ၁၄ ပွဲဆက်တိုက် အနိုင်ရရှိထားသည်။

အခြား တွဲဆိုင်းများအနေဖြင့် Toni Tauru သည် ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်၊ Williams Lake မှ Gary Mangat နှင့် လည်းကောင်း ၊ မြန်မာနိုင်ငံသူ Bozhena Antoniyar က မလေးရှားနိုင်ငံ မှ Audreylaura Boniface နှင့် လည်းကောင်း ၊ တက်သစ်စ ဖိလစ်ပိုင် ကိုယ်ခံပညာ ကစားသမား Jomary Torres သည် တရုတ်ကိုယ်ခံပညာ ကစားသမား Heqin နှင့်လည်းကောင်း ၊ Tial Thang သည် ကမ္ဘောဒီယား ခမာလက်ဝှေ့ကစားသမား Rin Saroth  နှင့်လည်းကောင်း၊ မြန်မာကစားသမား ဖိုးသော်သည် အင်ဒိုနီးရှား ကစားသမား Yohan Mulia Legowo နှင့် လည်းကောင်း ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly