ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာအနီးတွင် AA အဖွဲ့က မော်တော်ယာဉ်တစ်စီးအား မိုင်းခွဲဖျက်ဆီးဟု တပ်မတော်ထုတ်ပြန်

ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာအနီးတွင် AA အဖွဲ့က မော်တော်ယာဉ်တစ်စီးအား မိုင်းခွဲဖျက်ဆီးဟု တပ်မတော်ထုတ်ပြန်

နေပြည်တော် ဖေဖော်ဝါရီ ၄ ။              ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုး ချောင်းကျေးရွာနှင့် ရသေ့တောင်သွား လမ်းမပေါ်၌ ဖေဖော်ဝ-ါရီလ ၂ရက်နေ့တွင် Light Truck အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် မိုင်းပေါက်ကွဲထားသည့် အပိုင်းအစ များ အား တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုး ချောင်းကျေးရွာနှင့် ရသေ့တောင်သွား လမ်းမပေါ်၌ မော်တော်ယာဉ် တစ်စီးအား AA အဖွဲ့က ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်း ဖောက်ခွဲ ၍ မီးရှို့ဖျက်ဆီး သွားခဲ့ ကြောင်း၊ ယင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ရေဘုတ် ကျေးရွာ၏ အရှေ့ တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ မီးလောင်ပျက်စီးနေသော Light Truck အမျိုးအစား မော်တော် ယာဉ်တစ်စီးနှင့် မိုင်းပေါက်ကွဲ ထားသည့် အပိုင်းအစများအား တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ထို့အပြင် အဆိုပါ နေရာနှင့် လမ်းကြောင်း တစ်လျှောက်တွင် အပြစ်မဲ့ဒေသခံ ခရီးသွားပြည်သူများ ဘေး အန္တရာယ် မရှိစေရေးအတွက် နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေ လုံခြုံရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ်ဇန်နဝါရီ ၄ ရက်နေ့တွင် နယ်ခြားစောင့်ကင်းစခန်းများကို ရခိုင်အဖွဲ့ AA က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ထိုဒေသနှင့် အနီးတဝိုက်များတွင် ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေသည်။ အဆိုပါဖွဲ့အပြင် အာဆာ အကြမ်းဖက် အဖွဲ့ကလည်း ထိုဒေသများတွင် လှုပ်ရှားလျက်ရှိနေကြောင်း သတင်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly