သမိုင်းဝင် ခရီးစဉ်အဖြစ် ယူအေအီးသို့ ပုပ်ရဟန်းမင်းကြီး ပထမဆုံး ရောက်ရှိ

သမိုင်းဝင် ခရီးစဉ်အဖြစ် ယူအေအီးသို့ ပုပ်ရဟန်းမင်းကြီး ပထမဆုံး ရောက်ရှိ

အဘူဒါဘီ၊ ဖေဖော်ဝါရီ ၄ ။         ။ အစ္စလာမ်မွေးဖွားရာ အာရေဗျကျွန်းဆွယ်သို့ ပုပ်ရဟန််းမင်းကြီးတစ်ပါး သမိုင်းမှာ ပထမဆုံး ရောက်ရှိမှုအဖြစ် တနင်္ဂနွေနေ့မှာ ပုပ်ရဟမန်းမင်းကြီး ဖရန့်စစ်ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ယူအေအီးသို့ ရောက်ရှိလာခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အဘူဒါဘီ မြို့သို့ ရောက်ရှိပြီး နှစ်ရက်တာ ယူအေအီးခရီးစဉ်မှာ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို ကက်သလစ်ဘာသာဝင် ၁၃၅၀၀၀ ခန့်ကိုလည်း မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ တနင်္လာနေ့မှာ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေနဲ့ အစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး အင်္ဂါနေ့မှာ ရောမကို မပြန်ခင် အဘူဒါဘီက အားကစားရုံတစ်ခုမှာ ကက်သလစ်ဘာသာဝင်တွေနဲ့ လူထုစုဝေးမှုကြီးမှာ မိန့်ခွန်းမြွက်ကြားဖို့ ရှိပါတယ်။

အဲဒီ ကက်သလစ်ဘာသာဝင်တွေရဲ့ ပုပ်ရဟန်းမင်းကြီးဆီ စုရုံးလာရောက်မှုဟာဆိုရင် ယူအေအီးမှာ အကြီးဆုံး စုရုံးမှု ဖြစ်လာမယ်လို့လည်း ဌာနေမီဒီယာတွေက ပြောပါတယ်။

ယီမင်က စစ်ဆင်ရေးတွေမှာ ယူအေအီးနိုင်ငံ ကာလရှည် ပါဝင်မှုနဲ့ ကာတာနဲ့ သံတမန်ရေး အချင်းများနေချိန်မှာ ပုပ်ရဟန်းမင်းကြီးက ယူအေအီးနိုင်ငံ ခရီးစဉ် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ် မတိုင်ခင်မှာ ပုပ်ရဟန်းမင်းကြီးဟာ ယီမင်မှာ စစ်ဆင်ရေး ဆင်နွှဲနေတဲ့ အဖွဲ့အားလုံးကို အပစ်ရပ်် သဘောတူညီမှုကို လေးစားဖို့ ပြောဆိုတိုက်တွန်းထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly