ဆုမဲအခြေအနေကြောင့် ကျပ် ၅ဝဝတန်ထီလက်မှတ်များ ရပ်နားသွားနိုင်ကြောင်း သိရ

ဆုမဲအခြေအနေကြောင့် ကျပ် ၅ဝဝတန်ထီလက်မှတ်များ ရပ်နားသွားနိုင်ကြောင်း သိရ
ဖေဖေါ်ဝါရီ ၁ ရက်နေ့မှ စတင်ရောင်းချနေသော ကျပ် ၁၀၀၀ တန် ထီလက်မှတ် (ဓာတ်ပုံ - နေမင်းအောင်)

ရန်ကုန်၊ဖေဖော်ဝါရီ ၂ ။             ။ ကျပ်သိန်းတစ်သောင်းခွဲချီးမြှင့်မည့် ကျပ်တစ်ထောင်တန်ထီလက်မှတ်များထွက်ရှိလာချိန်တွင် ဆုမဲအခြေအနေ ကြောင့် ကျပ်၅ဝဝတန်ထီများ ရပ်နားသွားနိုင်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောသည်။   

"ကံစမ်းသူတွေအနေနဲ့ ထီဆုကြေးများတာကိုပဲ နှစ်သက်ကြတာပါ။  ကျပ် ၂ဝဝတနနဲ့ ကျပ်၅ဝဝတန်သည် ၅ဝဝတန်က ထီဆုမဲ အရေအတွက်များတယ်။ ၂ဝဝတန်ဟာ ဆုမဲအရေအတွက် နည်းတာဖြစ်တဲ့အတွက် များတဲ့ဘက်ကိုပဲ အာရုံပြုလာကြပါတယ်။ ၅ဝဝကျပ်တန်ကိုပဲ စိတ်ဝင်စားမှုရှိလာကြပါတယ်။အခုလည်း ၅ဝဝတန်နဲ့ တစ်ထောင်တန်မှာလည်း ဒီအတိုင်းပါပဲ။ ၅ဝဝတန်မှာဆုမဲနည်းတယ်။ ၁ဝဝဝတန်က ဆုမဲပိုများ တယ်။သဘောကတော့ ၂ဆဖြစ်သွားတဲ့အတွက် ဆုမဲတွေများလာတဲ့ အနေအထားပါပဲ။အဲ့တော့ ဆုမဲများ လာတာကိုပဲ စိတ်ဝင်စားလာမှာပါ။ အဲ့တော့ ဒီ၅ဝဝတန်သည်လည်း ကာလတစ်ခုမှာတော့  ရပ်နားသွားမယ့် အနေအထားတစ်ခုမှာရှိပါတယ် " ဟု ဦးကျော်သန့်လွင်က ပြောသည်။   

ဆုကြေး ငွေကျပ်သိန်းပေါင်းတစ်သောင်းခွဲ ချီးမြှင့်မည့် ကျပ်တစ်ထောင်တန် ထီလက်မှတ်များကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ  စတင်ပြီး စျေးကွက်၌ ရောင်းချနေပြီးအောင်ဘာလေသိန်းဆုဌာနမှ ဝယ်ယူနေသည့် ကိုယ်စားလှယ်များသည် ကျပ်တစ်ထောင်တန် ထီလက်မှတ်များကို စျေးနှုန်းပိုမိုရောင်းချပါက ထီဝယ်ယူခွင့်ကို ပိတ်သိမ်းမည့်အပြင် ထီဝယ်ယူခွင့်အာမခံကိုလည်း သိိမ်းယူသွားမှာဖြစ်ကြောင်း  အောင်ဘာလေ သိန်းဆုဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောသည်။    

"အဆင့်ဆင့်သော ထီဆိုင်တွေမှာ ထီစျေးနှုန်းကြီးမြင့် ရောင်းချတာမျိုးရှိတယ်ဆိုရင် သက်ဆိုင်ရာနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးတွေကနေ သွားစစ်ပါတယ်။စစ်ပြီးတော့ အမှန်တကယ်ရောင်းချနေကြောင်း တွေ့ရှိတဲ့ အရေအတွက်ကို သက်ဆိုင်ရာ အောင်ဘာလေသိ်န်းဆုဌာနခွဲမှာ တိုက်ရိုက်ဝယ်သူကို ဆက်စပ်စိစစ်ပြီးတော့ တိုက်ရိုက်ဝယ်ယူသူဆီကနေ ဖြတ်တောက်သွားမှာဖြစ်ပါတယ်။ အရင်၅ဝဝတန်ထီတုန်းက ထီဝယ်ယူခွင့်ကိုသာ သိမ်းယူခဲ့ပေမယ့် အခုကျတော့ ထူးခြားတာက ဖြတ်တောက်ခံရတဲ့ ဝယ်ယူခွင့်ရဲ့ အာမခံကိုပါ သိမ်းယူမှာ ဖြစ်ပါတယ်"ဟု ဦးကျော်သန့်လွင် က ပြောသည်။    

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ဘာလေသိန်းဆုဌာနခွဲတွင် ထီလက်မှတ်များ ဝယ်ယူရောင်းချနေသည့် ကိုယ်စားလှယ် အရေအတွက်သည် ၁၂ဝဝဝကျော် လောက်ရှိနေကြောင်း ၄င်းက ဆိုသည်။

"၅ဝဝတန်ထီကတော့ သိန်းတစ်သောင်းခွဲတန်ထီဆုကြေးအပေါ်မှာတော့ စိတ်ဝင် စား မှုနည်းသွားနိုင်တယ်။ ဘာလို့လဲဆိုတော့ တစ်ထောင်တန်ထီမှာ ဆုတွေ အများကြီးပေးတာကိုး။ ၅ဝဝတန်ထီထက် ပိုများလို့ လူစိတ် ဝင်စားမှုနည်းသွားနိုင်တယ်" ဟု ငုံးဥထီဆိုင်ပိုင်ရှင် ဦးလှဝင်းက ပြောသည်။

အဆိုပါ ကျပ်တစ်ထောင်တန်ထီလက်မှတ်၏ ပထဆုံးအကြိမ် အောင်ဘာလေထီဆုဖွင့်ပွဲကို မတ်လ ၁ရက် နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly