ထိုင်းစစ်အစိုးရကို ထောက်ခံတဲ့ ပါတီက ဝန်ကြီးချုပ် ချန်အိုချာကို ပါတီကိုယ်စားလှယ်လောင်းအဖြစ် ကမ်းလှမ်း

ထိုင်းစစ်အစိုးရကို ထောက်ခံတဲ့ ပါတီက ဝန်ကြီးချုပ် ချန်အိုချာကို ပါတီကိုယ်စားလှယ်လောင်းအဖြစ် ကမ်းလှမ်း

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂ ။          ။ ထိုင်းဝန်ကြီးချုပ်နဲ့ စစ်အစိုးရအကြီးအကဲဖြစ်တဲ့ ပရာယွတ်ချန်အိုချာကို စစ်အစိုးရထောက်ခံတဲ့ ဖာလန်းပရာချာရတ်ပါတီက ခေါင်းဆောင်တွေက လာရောက်တွေ့ဆုံပြီး မတ်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်နေရာအတွက် ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဝန်ကြီးချုပ် ချန်အိုချာကတော့ ပါတီက အဆိုပြုတဲ့ လုပ်ငန်းစဉ်တွေအပေါ် မူတည်ပြီး ရွေးချယ်ဆုံးဖြတ်သွားမယ်လို့ တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို လာမယ့် မတ်လ ၂၄ ရက်မှာ ကျင်းပမယ်လို့ အာဏာပိုင်တွေက ပြီးခဲ့တဲ့လက ကြေညာထားပါတယ်။

၂၀၁၄ က အာဏာသိမ်းမှုမှာ ယင်လပ်ရှင်နာဝတ်ထရာရဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။

အဲဒီ အချိန်ကစပြီး စစ်အစိုးရဟာ ဖွဲ့စည်းပုံကို ပြန်လည်ရွေးဆွဲပြီး သဘောထားကွဲလွဲသူတွေကိုလည်း နှိပ်ကွပ်ခဲ့ပါတယ်။ ရှင်နာဝတ်ထရာအုပ်စုရဲ့ နိုင်ငံရေးကို ရှင်းလင်းပစ်ဖို့ ဌာနဆိုင်ရာတွေမှာ စစ်အစိုးရရဲ့ မဟာမိတ်တွေကို ခန့်အပ်တာတွေ လုပ်ဆောင်ခဲ့ပြီး နိုင်ငံရဲ့ အနာဂတ်မှာ ကိုယ်ပိုင်သြဇာလွှမ်းမိုးမှုကို ထူထောင်ခဲ့ပါတယ်။

“မတ် ၂၄ ရက်ကတော့ ရွေးကောက်ပွဲနေ့ပဲ ဖြစ်ပါတယ်။”လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ ထိုင်းဘုရင်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အမိန့်ဒီဂရီကို လက်မှတ်ထိုးပြီးနောက်မှာ ကော်မရှင်က ကြေညာရတာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ သမိုင်းအစဉ်အလာကို ကြည့်မယ်ဆိုရင် အာဏာသိမ်းမှုတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အရပ်သားအစိုးရရဲ့ သက်တမ်းဟာလည်း တိုတောင်းလေ့ရှိပြီး နိုင်ငံရေးပဋိပက္ခတွေကြား ရှိနေတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly