ရုရှနဲ့ သဘောတူထားတဲ့ စစ်အေးပဋိညာဉ်ကနေ နုတ်ထွက်လျက်ရှိပြီလို့ အမေရိကန် ပြော

ရုရှနဲ့ သဘောတူထားတဲ့ စစ်အေးပဋိညာဉ်ကနေ နုတ်ထွက်လျက်ရှိပြီလို့ အမေရိကန် ပြော

၀ါရှင်တန်၊ ဖေဖော်ဝါရီ ၂ ။          ။ ရုရှနဲ့ ချုပ်ဆိုထားတဲ့ သမိုင်းဝင် စစ်အေးကာလ INF ဒုံးကျည်ပဋိညာဉ်ကနေ နုတ်ထွက်ဖို့ လုပ်နေပြီလို့ အမေရိကန်က သောကြာနေ့မှာ ပြောပါတယ်။

၁၉၈၇ ခုနှှစ်က နှစ်နိုင်ငံကြား ချုပ်ဆိုတဲ့ တာလတ်ပစ်နျူကလီးယားအင်အားစု INF ဆိုတဲ့ ဒုံးကျည်တားမြစ်ရေး ပဋိညာဉ်ကို မော်စကိုက ချိုးဖောက်နေတယ်ဆိုပြီး အမေရိကန်က နုတ်ထွက်ဖို့ လုပ်ဆောင်နေလာတာပါ။

INF ပဋိညာဉ်ကို ဆန့်ကျင်ပြီး ရုရှဟာ တာလတ်ပစ်ဒုံးကျည်စနစ်သစ်တွေ တည်ဆောက်တယ်လို့ အနောက်အုပ်စုက စိုးရိမ်နေတာကို ဖြေရှင်းပေးခြင်းလည်း မရှိကြောင်း နုတ်ထွက်ဖို့အတွက် သတ်မှတ်ထားတဲ့ လာမယ့်စနေနေ့ မတိုင်မီမှာ တစ်ရက်အလိုမှာပဲ ၀ါရှင််တန်က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

“INF ပဋိညာဉ်ကို နာခံနေတာကို အမေရိကန်အနေနဲ့ ရပ်ဆိုင်းတော့မှာ ဖြစ်တယ်။ ဒီပဋိညာဉ်ကနေ နုတ်ထွက်ဖို့ လုပ်ငန်းစဉ်တွေကို စတင်ပါတော့မယ်။ ရုရှအပေါ် ပြောဆိုထားတဲ့ ပဋိညာဉ်ကို ချိုးဖောက်ပြီး တည်ဆောက်ထုတ်လုပ်ထားတဲ့ ဒုံးကျည်တွေ၊ လောင်ချာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖျက်ဆီးပစ်ဖို့ကို အချိန် ခြောက်လအထိ စောင့်ခဲ့တာလည်း ပြည့်တော့မှာ ဖြစ်တယ်။”လို့ သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

“အမေရိကန်ဟာ INF ပဋိညာဉ်ကို နှစ်ပေါင်း ၃၀ ကျော်မက အပြည့်အဝ နာခံခဲ့တယ်။ ဒါပေမယ့် ရုရှရဲ့ ဖောက်ပြန်တဲ့ လုပ်ရပ်ကြောင့် ဆက်လက်ပြီးတော့ လိုက်နာတော့မှာ မဟုတ်ဘူး။”လို့ ထရမ့်က ပြောခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly