တရုတ်နိုင်ငံတောင်ပိုင်း မြို့တစ်မြို့တွင် နောက်ထပ်ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြန်

တရုတ်နိုင်ငံတောင်ပိုင်း မြို့တစ်မြို့တွင် နောက်ထပ်ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြန်

ပါဆယ်ဗုံး ၁၇ ခုကြောင့် အနည်းဆုံးလူ ခုနှစ်ဦးသေဆုံးပြီး အမြောက်အမြားဒဏ်ရာ ရရှိပြီးနောက် တစ်ရက်အကြာ စက်တင်ဘာ ၃၀က တရုတ်နိုင်ငံတောင်ပိုင်း အလားတူခရိုင်ရှိ မြို့တစ်မြို့တွင်နောက် ထပ်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက အစီရင်ခံခဲ့သည်။

ယခုနောက်ဆုံးပေါက်ကွဲမှုမှာ ကွမ်ရှီးဒေသ ကျေးလက်ကောင်တီတစ်ခုဖြစ်သော လျိုချင်းရှိ လူနေအဆောက်အအုံတစ်ခုတွင် ထိုနေ့အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရှင်ဟွာသတင်းအေဂျင်စီ ကဖော်ပြခဲ့သည်။

ပေါက်ကွဲမှုကြောင့် လျုချင်းရှိ ဒေသဆိုင်ရာလမ်းမကြီး အုပ်ချုပ်ရေးဗျူရိုတစ်ခုအနီး ခြောက်ထပ်အဆောက်အအုံတွင် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ရာတစ်ဝိုက်တွင် အုတ်ခဲများ ပျံ့ကြဲသွားခဲ့ သည်ဟု ဒေသခံမီဒီယာများနှင့် ရှင်ဟွာက အစီရင်ခံခဲ့သည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိမရှိ သတင်းပေးပို့မှုများချက်ခြင်းရှိမလာသေးဟု တရုတ်အမျိုးသားရေဒီယို၏ ဝက်ဘ်ဆိုက် CRI ကဖော်ပြထားသည်။ စက်တင်ဘာ ၃၀က အစိုးရရုံများ အပါအဝင် လျိုချင်းကောင်တီရှိ နေရာအများအပြားတွင် ပါဆယ်ဗုံး ၁၇ လုံးပေါက်ကွဲခဲ့သေးသည်။

ယင်းသို့ပေါက်ကွဲများမှာ ပြစ်မှုတစ်ခုသာဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုမဟုတ်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အသက် ၃၃ နှစ်အရွယ် ဒေသခံတစ်ဦးကို ဖမ်းဆီးထားသော်လည်း တိုက်ခိုက်မှုပြုလုပ်ရခြင်း၏ အကြောင်းရင်းနှင့်ပတ်သက်၍ အာဏာပိုင်များက ချက်ခြင်းရှင်းလင်းမှုမရှိသေးပေ။

ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သောနေရာများတွင် အကျဉ်းထောင်တစ်ခု၊ ရထားဘူတာရုံတစ်ခု၊ ဆေးရုံတစ်ခုနှင့် ဈေးဝယ်စင်တာတစ်ခုတို့ ပါဝင်ခဲ့ပြီး ဗုံးများကို အမြန်ချောပို့အထုပ်များတွင် ထည့်ထားခဲ့သည်ဟု ရှင်ဟွာက ဖော်ပြခဲ့သည်။

စက်တင်ဘာ ၃၀က ပေါက်ကွဲမှုများမှာ သီတင်းတစ်ပတ်ကြာ အားလပ်ရက်၏ အစ တရုတ်နိုင်ငံ အမျိုးသားနေ့၏ အကြိုနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်နယ်နိမိတ်နှင့် ထိစပ်နေသော လျိုချင်းဒေသတွင် လူ ၄၀၀,၀၀၀နေထိုင်ပြီး တရုတ်၏အဆင်းရဲဆုံးဒေသတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly