တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌတာဝန်မှ သဘောဆန္ဒအလျောက် နုတ်ထွက်မှုတွင် ပြင်ပဖိအားများ မရှိဟု ဆို

တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌတာဝန်မှ သဘောဆန္ဒအလျောက် နုတ်ထွက်မှုတွင် ပြင်ပဖိအားများ မရှိဟု ဆို

ပုသိမ်၊ ဇန်နဝါရီလ ၃၁ ။                ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌတာဝန်မှ သဘောဆန္ဒအလျောက် နုတ်ထွက်မှုတွင် ပြင်ပဖိအားများ မရှိကြောင်း လက်ရှိ ဘိုကလေးမြို့နယ်၊အမှတ်-၂ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်က ဇန်နဝါရီ ၃၁ ရက်နေ ့လွှတ်တော်အပြီးတွင် မီဒီယာများကို ပြောသည်။

“ပြင်ပ ဖိအားတွေ မရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်က အလုပ်ထဲမှာ မပျော်တော့ဘူး။ စိတ်သွားတိုင်း ကိုယ် မပါဘူး။ အလုပ်ထဲမှာ မပျော်တဲ့အခါကြတော့ ကျွန်တော့လုပ်ငန်းတွေလည်း မှားယွင်းမှာ စိုးတယ်။ ရှေ့ဆက်သွားရမဲ့ လုပ်ငန်းစဉ်တွေအတွက် အနှောင့်အယှက်ဖြစ်မှာလည်း စိုးတယ်။ အဲဒါကြောင့်မို့ နုတ်ထွက်ရခြင်း ဖြစ်တယ်”ဟု ဒုတိယဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်ခဲ့သည့် ဦးစံမင်းအောင်က  ပြောသည်။

“ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်(လက်ရှိ ဘိုကလေးမြို့နယ်၊အမှတ်-၂ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်)သည် ဇန်နဝါရီလ ၃၁ ရက်မှ စပြီး တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌတာဝန်မှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုပါရန် ၊ ၂၀၁၃ ခုနှစ်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ-၁၀၊ ပုဒ်မခွဲ-င ပြဌာန်းချက်များနှင့်အညီ တိုင်းလွှတ်တော်ဥက္ကဋ္ဌထံသို ့ ၄င်းကိုယ်တိုင် လက်မှတ်ရေးထိုးတင်ပြလာမှုအပေါ် နုတ်ထွက်ခွင့်ပြုပြီး ဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က တိုင်းလွှတ်တော်တွင် ပြောသည်။

 ဒုတိယဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်စာတင်ခြင်းမှာ မိမ်ိမဲဆန္ဒနယ်မြေကို ပိုပြီးအာရုံစိုက်ကာ ဒေသဖွံဖြိုးရေးများ လုပ်နိုင်ရန် ရည်ရွယ်နုတ်ထွက်ခြင်းဖြစ်ကြောင်း ဦးစံမင်းအောင်က ပြောသည်။

 “ကျွန်တော်ပြောခဲ့တဲ့ စကားတစ်ခု ရှိပါတယ်။ ၂၀၂ဝရွေးကောက်ပွဲကို ဝင်ပြိုင်မှာမဟုတ်ပါဘူးဆိုတာ ကတိပြုထားပါတယ်”ဟု ဆက်လက်ပြောသည်။

 ၂၀၁၇-၁၈ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၅၈၀ ဖြင့် လွှတ်တော်ကားဝယ်ယူမှုESင့်ပတ်သက်ပြီး ပြည်သူတစ်ဦးu ဒုဥက္ကဋ္ဌဦးစံမင်းအောင်ကို NLDပါတီသို ့တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊တိုင်ကြားမှုအား စစ်ဆေးပြီးနောက်တွင် ပါတီမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

 “ အဂတိကော်မရှင်က ခေါ်ယူစစ်ဆေးမယ်ဆိုရင်လည်း ဥပဒေနဲ ့အညီ ကျွန်တော်မှာရှိတယ် စာရွက်စာတမ်း တွေကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်သွားပါမယ်” ဟု ဘိုကလေးမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ် ၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစံမင်းအောင်က ပြောသည်။

အဆိုပါ လစ်လပ်သွားမည့် တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနေရာအား ဧရာဝတီတိုင်းဒေသကြီးလွှတ််တော် ၁၆ ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ရွေးချယ်သွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly