ဘာစီလိုနာကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ်ကို အာဆင်နယ် အငှားဖြင့် ခေါ်ယူ

ဘာစီလိုနာကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ်ကို အာဆင်နယ် အငှားဖြင့် ခေါ်ယူ
Photo: EPA

အာဆင်နယ်အသင်းဟာ ဘာစီလိုနာကွင်းလယ်ကစားသမား ဒင်းနစ် ဆွာရက်ဇ်ကို ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်အထိ အငှားဖြင့် ခေါ်ယူလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ အသက် ၂၅ နှစ် ဆွာရက်ဇ်ရဲ့ စာချုပ်သက်တမ်းကို ၂၀၂၁၊ ဇွန်လအထိ သက်တမ်းတိုးထားပေမယ့် ဂန်းနားတို့ဟာ နွေရာသီမှာ အပြီးသတ်ခေါ်ယူခွင့်တစ်ရပ် ရှိနေပါတယ်။

စပိန်ကစားသမား ဆွာရက်ဇ်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၇၁ ပွဲကစားခဲ့ပေမယ့် ဒီရာသီမှာတော့ ၈ ပွဲသာ ကစားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အမ်မရီက ဆီဗီလာအသင်းမှာ ရှိခဲ့စဉ်တုန်းကလည်း ဆွာရက်ဇ်ကို ဘာစီလိုနာအသင်းကနေ အငှားခေါ်ယူခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ လူငယ်ကစားသမားဘဝ မန်စီးတီးမှာ ၂ ရာသီကြာ ကုန်ဆုံးခဲ့ပေမယ့် အသင်းကြီးမှာ ၂ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါပြီး အသက် ၁၉ နှစ်အရွယ်မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်အသင်းက နောက်ထပ်တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ပါရီဆစ်ကို အင်တာမီလန်ကနေ ခေါ်ယူ ဖို့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly