မြန်မာ-အိန္ဒိယ အမျိုးသမီးချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပမည်

မြန်မာ-အိန္ဒိယ အမျိုးသမီးချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပမည်
မြန်မာနိုင်ငံသို့ရောက်ရှိနေသော မဏိပူရ်အမျိုးသမီးဘောလုံးအသင်း/ ဓာတ်ပုံ-ခင်မောင်စိုး

ဇန်နဝါရီ ၂၉ ။         ။ မြန်မာ-အိန္ဒိယ အမျိုးသမီး ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၃၁ ရက်၊ ညနေ ၃ နာရီတွင် မန္တလာသီရိကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

အိန္ဒိယ မဏိပူရ် အမျိုးသမီး ဘောလုံးအသင်းနှင့်မန္တလေးတိုင်းဒေသကြီး မြန်မာအမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

လက်ရှိတွင် မဏိပူရ်အသင်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပြီး ယှဉ်ပြိုင်ကစားရန် အဆင်သင့် ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၂၇၊ ၂၈ ရက်ကလည်း မဏိပူရ်အမျိုးသမီးဘောလုံးအသင်းက မန္တလေးသို့ လာရောက်ကာ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစားခဲ့ကြသေးသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်နှင့်မြန်မာအကြား ကုန်သွယ်မှုဆက်ဆံရေးများ၊ ချစ်ကြည်ရေးကစားပွဲများ၊ အထိမ်းအမှတ်ပွဲတော်များ ပြုလုပ်ကာ အပြန်အလှန်ကူးလူးဆက်ဆံမှုများ ရှိကြကာ တမူး-မိုရေး နယ်စပ်သည် အိန္ဒိယ-မြန်မာကုန်သွယ်ရေး၏ အရေးပါသောနေရာ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly