ချယ်လ်ဆီးနဲ့ မန်ယူတို့ ထိပ်တိုက်တွေ့ဆုံတဲ့ အက်ဖ်အေ ပဉ္စမအဆင့်ပွဲစဉ်များ

ချယ်လ်ဆီးနဲ့ မန်ယူတို့ ထိပ်တိုက်တွေ့ဆုံတဲ့ အက်ဖ်အေ ပဉ္စမအဆင့်ပွဲစဉ်များ
Photo: FA

အက်ဖ်အေ (FA) ဖလားပြိုင်ပွဲရဲ့ ပဉ္စမအဆင့်မှာ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲစဉ်အတိုင်း တစ်ကျော့ပြန် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အက်ဖ်အေဖလား ပဉ္စမအဆင့်အတွက် မဲခွဲရေးဆွဲမှုကို တနင်္လာနေ့ညက ပြုလုပ်ခဲ့တာပါ။

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးက မစ်ဒယ်ဘရော့နဲ့ နယူးပေါ့ဒ်ကောင်တီအသင်းတို့ရဲ့ ပြန်ကန်ပွဲကနေ အနိုင်ရရှိလာမယ့် အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရာမှာမို့ ပွဲချောင်ခဲ့တယ်လို့ ဆိုရပါမယ်။

အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ ၁၈ ရက်အတွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

စတုတ္ထအဆင့်မှာ သရေကျခဲ့တဲ့ ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီ ၆ ရက်မှာ ပြန်လည်ကစားကြမှာဖြစ်တယ်လို့ သိရပါတယ်။

အက်ဖ်အေဖလား ပဉ္စမအဆင့်အတွက် မဲခွဲမှု

ဘရစ္စတိုးစီးတီး - ရှာရီဘူရီ (သို့)
ဝင်ဘယ်ဒန် – မီဝေါလ်
ဒွန်ကတ်စတာ – ခရစ္စတယ်ပဲလေ့စ်
မစ်ဒယ်ဘရော့ (သို့) နယူးပေါ့ဒ်ကောင်တီ – မန်ချက်စတာစီးတီး
ချဲယ်လ်ဆီး – မန်ချက်စတာယူနိုက်တတ်
ဆွမ်းဆီး – ဘားနက် (သို့) ဘရန့်ဖို့ဒ်
ပို့စ်မောက် (သို့) QPR – ဝက်ဖို့ဒ်
ဘရိုက်တန်( သို့) ဝက်စ်ဘရွန်း – ဒါဘီကောင်တီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly