တရုတ်တွင် ပါဆယ်ဗုံးများ နေရာများစွာတွင် ပေါက်ကွဲမှုများ ဆင့်ဖြစ်၍ လူခုနစ်ဦး သေဆုံး

တရုတ်တွင် ပါဆယ်ဗုံးများ နေရာများစွာတွင် ပေါက်ကွဲမှုများ ဆင့်ဖြစ်၍ လူခုနစ်ဦး သေဆုံး

တရုတ်နိုင်ငံတောင်ပိုင်း ကန်စီရှိ မြို့ငယ်တစ်မြို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဆင့်ဖြစ်ရာ လူခုနစ်ဦးသေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရခဲ့သည်။ လွီချန်စီရင်စုအတွင်း အစိုးရဌာနဆိုင်ရာ အဆောက်အအုံများ အပါအဝင် နေရာများစွာတွင် ပါဆယ်ဗုံးပေါင်း ဆယ့်ခုနစ်လုံးထိ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပြိုကျသွားသည့် အဆောက်အအုံမှ မီးခိုးများလွင့်တက်လျက်ရှိသည့် ဓာတ်ပုံများလည်း အွန်လိုင်းပေါ် ထွက်ပေါ်လာခဲ့သည်။

ယခုဗုံးပေါက်ကွဲမှုများကို အကြမ်းဖက်မှုအဖြစ် မမှတ်ယူထားကြောင်း အာဏာပိုင်များက ပြောသည်။ ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်ကာ သံသယရှိသူ အသက် ၃၃ အရွယ်အမျိုးသားတစ်ဦးအားလည်း ဖမ်းဆီးရမိထားသည်။

ဖြစ်ပွားသွားသည့် ဗုံးဖောက်ခွဲတိုက်ခိုက်မှုများတွင် အကျဉ်းထောင်တစ်ခုနှင့် စူပါမားကတ်ဈေးတစ်ဈေးလည်း တိုက်ခိုက်ဗုံးဖောက်ခွဲခံခဲ့ရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly