ပြင်သစ် ပထမဆုံးလေကြောင်းထိုးစစ်အတွင်း အိုင်အက်စ် ကလေးအဖွဲ့ဝင် ၁၂ ဦး သေဆုံး

ပြင်သစ် ပထမဆုံးလေကြောင်းထိုးစစ်အတွင်း အိုင်အက်စ် ကလေးအဖွဲ့ဝင် ၁၂ ဦး သေဆုံး

ပြင်သစ်နိုင်ငံ၏ ပထမဆုံး လေကြောင်းထိုးစစ်အတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင် ကလေးတပ်ဖွဲ့ဝင် ၁၂ ဦးအပါအဝင် အကြမ်းဖက်သမား ၃၀ အား သုတ်သင်နိုင်ကြောင်း တက်ကြွလှုပ်ရှားသည့် အဖွဲ့တစ်ဖွဲ့မှ ပြောသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က စက်တင်ဘာ ၂၇ ရက် ဆီးရီးယားအရှေ့ပိုင်းရှိ အိုင်အက်စ်စခန်းတစ်ရပ်ကို လေကြောင်းထိုးစစ်ဆင်နွှဲခဲ့ရာတွင် ဒဏ်ရာရသူလည်း ၂၀ ခန့်ရှိသည်ဟု ဆိုသည်။

ထိုနေ့က ဂျက်လေယာဉ် ခြောက်စီးဖြင့် ဒီအာအယ်ဇောအရပ်ရှိ အိုင်အက်စ်စခန်းကို ချေမှုန်းဖျက်စီးပစ်နိုင်ခဲ့ကြောင်း ပြင်သစ်သမ္မတ ဖရန့်ဆွာအော်လန်းကလည်း ပြောခဲ့သည်။

ပြင်သစ်သည် ၎င်း၏ လေကြောင်းထိုးစစ်များကို ယခင်က အီရတ်တွင် အိုင်အက်စ်တို့အား ဆင်နွှဲနေခဲ့ရခြင်းဖြစ်သည်။

ဆီးရီးယားတွင် အစိုးရအား ထောက်ခံသူနှင့် ဆန့်ကျင်သူတပ်ဖွဲ့များနှစ်ရပ်စလုံးနှင့် အိုင်အက်စ်တပ်ဖွဲ့များက ကလေးစစ်သားများကို အသုံးပြုလျက်ရှိနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly