KNU မြိတ်- ထားဝယ်ခရိုင် တရားသူကြီး ပဒိုစောဘီးလယ် ကွယ်လွန်

KNU မြိတ်- ထားဝယ်ခရိုင် တရားသူကြီး ပဒိုစောဘီးလယ် ကွယ်လွန်

မြိတ်၊ ဇန်နဝါရီ  ၂၈ ။         ။ တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-S(တနင်္သာရီ)၏ ဒုတိယ ဥက္ကဋ္ဌ (၁) အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသော ပဒိုစောဘီးလယ်သည်၊ ဇန်နဝါရီ ၂၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ ရတ်ဘူရီဆေးရုံ၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ပဒိုစောဘီးလယ်သည်၊ ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိပြီး၊ ကေအဲန်ယူ-  ကရင်အမျိုးသား အစည်းအရုံး  မြိတ်- ထားဝယ်ခရိုင် (တပ်မဟာ ၄ ) တွင် တရားသူကြီးတာဝန်ကို ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်ပြီး၊ တနင်္သာရီတိုင်းဒေသကြီး JMS-S ပစ်ခတ်တိုက််ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁) စသည့် တာဝန်အများအပြားကို ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

Joint Ceasefire Monitoring Committee မှ “ ပဒိုစောဘီးလယ် သည်၊ JMC လုပ်ငန်းများနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တွင် ကျရာကဏ္ဍမှ အထူးပင် တက်တက် ကြွကြွ ပါဝင် ဆောင်ရွက်နေသူ ဖြစ်၍ ငြိမ်းချမ်းရေးပန်းတိုင် မရောက်မီ လမ်းခုလပ်၌ ကွယ်လွန်သွားသည့်အပေါ် အလွန်ပင် နှမြောတသ ဖြစ်ရပါကြောင်းနှင့် ပဒိုစောဘီးလယ် ကောင်းရာသုဂတိ လားပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ အပ်ပါသည်” ဟု ရေးသား ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly