တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ CNBLUE အဖွဲ့ စတုတ္ထမြောက် တေးသီချင်း အယ်လ်ဘမ် ဂျပန်နိုင်ငံတွင် ဖြန့်ချိသွားမည်

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ CNBLUE အဖွဲ့ စတုတ္ထမြောက် တေးသီချင်း အယ်လ်ဘမ် ဂျပန်နိုင်ငံတွင် ဖြန့်ချိသွားမည်

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ CNBLUE အဖွဲ့သည် စက်တင်ဘာ ၃၀ ရက်တွင်  စတုတ္ထမြောက် တေးသီချင်း အယ်လ်ဘမ်ကို ထွက်ရှိသွားမည်ဖြစ်ပြီး အဆိုပါ တေးသီချင်း အယ်လ် ဘမ်တွင် အဖွဲ့ဝင်များ ရေးသားထားသော သီချင်းများ ပါဝင်ကြောင်း အေဂျင်စီက ပြောကြားသည်။

အဆိုပါ တေးသီချင်း အယ်လ်ဘမ်တွင် ခေါင်းစီးတေး သီချင်းဖြစ်သည့် ဂျောင်ယောင်ဟွာ ရေးသားထားသော Supernova  တေးသီချင်းနှင့် တေးသီချင်း အပုဒ်ရေပေါင်း ၁၁ ပုဒ် ပါဝင်မည် ဖြစ်ကြောင်း FNC Entertainment က ပြောကြားသည်။

ဂျောင်သည် Holiday Realize ၊ Hold Me ၊ My World နှင့် Daisy တေးသီချင်းများကိုလည်း ရေးဖွဲ့ထားပြီး လီဂျောင်ရှင်၊ လီဂျောင်ဟွန်းတို့နှင့်အတူ Lucid Dream တေးသီချင်းကို လည်းပေါင်းစပ်ရေးသား ထားသည်။

CNBLUE အဖွဲ့သည် 2015 ARENA Tour BE a Supernova  ဂျပန်ဖျော်ဖြေရေး ခရီးစဉ်ကို  ဂျပန်နိုင်ငံ နာဂါနိုမြို့၌  နိုဝင်ဘာ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး တိုကျိုမြို့၊ အိုက်ချီဒေသ၊ ဖူကီ ဒေသနှင့် အိုဆာကာမြို့တိုတွင်လည်း ဖျော်ဖြေပွဲ ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly