မင်းဘူး-မန်းရွှေစက်တော် မော်တော်ယာဉ်လိုင်း ဖေဖော်ဝါရီလဆန််းပိုင်းတွင် ပြေးဆွဲမည်

By မျိုးမြတ်
27 January 2019
မင်းဘူး-မန်းရွှေစက်တော် မော်တော်ယာဉ်လိုင်း ဖေဖော်ဝါရီလဆန််းပိုင်းတွင် ပြေးဆွဲမည်

မင်းဘူး ဇန်နဝါရီ ၂၇ ။              ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၊ မန်းရွှေစက်တော် ဘုရားပွဲတော်ကာလ မင်းဘူး- မန်းရွှေစက်တော် မော်တော်ယာဉ်လိုင်းကို ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း စုပေါင်းပုဂ္ဂလိက မှန််လုံယာဉ်အသင်း(မင်းဘူး) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

“မင်းဘူး-ရွှေစက်တော်ခရီးစဉ်နဲ့ မန်းရွှေစက်တော် တောင်ပေါ်-တောင်အောက် ယာဉ်လိုုင်းကို ကျွန်တော်တို့  အသင်းက မော်တော်ယာဉ် ၅၈ စီး အသုံးပြုပြီး နေ့စဉ် အလှည့့်ကျ ပြေးဆွဲသွားမှာဖြစ်ပါတယ်” ဟု ဟု စုပေါင်း ပုဂ္ဂလိက မှန်လုံယာဉ်အသင်းအဖွဲ့ဝင် ဦးခင်မောင်ညွန့်က ပြောပြသည်။

ယာဉ်စီးခအနေဖြင့် မင်းဘူး-ရွှေစက်တော််ခရီးစဉ်ကို ခရီးသည် တစ်ဦးလျှင် ယာဉ်စီးခ ၂၅၀၀ ကျပ် သတ်မှတ် ထားပြီး တောင်ပေါ်-တောင်အောက် ခရီးစဉ်အတွက် ခရီးသည် တစ်ဦးလျှင် (၅၀၀) ကျပ် ကျသင့်မည် ဖြစ်သည်။ မိသားစု၊ သူငယ်ချင်းများ၊ သီးသန့်သွားချင်သည့် ခရီးသည်များ အနေဖြင့် ကားစီးလုံးငှားရမ်းလိုုပါက မင်းဘူးမြို့မှ မန်းရွှေစက်တော်ခရီးစဉ် တစ်ကြောင်းစာအတွက် ၃၅၀၀၀ ကျပ််ဖြင့် ငှားရမ်းနိုင်သည်။

မင်းဘူးမြို့၊ မြောက်လှည်းကောက် အဝိုင်းပတ်အနီးရှိ အဆိုပါ မော်တော်ယာဉ်လိုင်းဂိတ််မှ နေ့စဉ် နံနက် ၆ နာရီ မှ ညနေ ၅ နာရီထိလည်းကောင်း၊ မန်းရွှေစက်တော် ဘုရားမှ နံနက် ၆ နာရီမှ ညနေ ၄ နာရီ ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော် ဘုုရားပွဲတော်ကို လာမည့် ဖေဖော်ဝါရီ ၉ ရက် တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ လာရောက်သည့် ပွဲတော်ကြီးတစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly