ရုပ်မြင်သံကြား ဟာသဇာတ်လမ်းတွဲမှာ သရုပ်ဆောင်သွားမယ့် နစ်ကီမင်နာ့ဂျ်

ရုပ်မြင်သံကြား ဟာသဇာတ်လမ်းတွဲမှာ သရုပ်ဆောင်သွားမယ့် နစ်ကီမင်နာ့ဂျ်

အမေရိကန် ရက်ပ်ပါ နစ်ကီမင်နာ့ဂျ်သည် ၎င်းမိသားစု အကြောင်းကို အခြေခံကာ ရိုက်ကူး မည့် ABC ရုပ်သံ၏ ဟာသဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း ABC ရုပ်သံ ဌာနက သတင်း ထုတ်ပြန်သည်။

အဆိုပါ ဇာတ်ကားသည် နစ်ကီမင်နာ့ဂျ်တို့ မိသားစုသည် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းက Trinidad and Tobago နိုင်ငံမှ အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့လာသည့် မင်နာ့ဂျ်တို့ မိသားစု အကြောင်းကို အခြေခံကာ ရိုက်ကူးမည့် ဟာသဇာတ်လမ်းတွဲ ဖြစ်သည်။

“သရုပ်ဆောင် အလုပ်ကို လုပ်ရတာဟာ တစ်မူထူးခြားတဲ့ စွန့်စားမှု တစ်ခုဖြစ်ပါတယ်” ဟု အသက် ၃၂ နှစ်အရွယ်ရှိ မင်နာ့ဂျ်က ပြောကြားသည်။ မင်နာ့ဂျ်သည် အဆိုပါ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် သွားမည် ဖြစ်သော်လည်း  မည်သည့် နေရာမှ ပါဝင် သရုပ်ဆောင်သွားမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ “ကျွန်မ ဒီဇာတ်လမ်းတွဲမှာ အဓိကကျတဲ့ နေရာကနေ သရုပ်ဆောင်သွားမှာပါ။ လက်ရှိ အချိန်မှာတော့ ကျွန်မရဲ့ ငယ်ဘဝ နေရာမှာ ပါဝင် သရုပ်ဆောင်မယ့် မင်းသမီးငယ်ကို လိုက်ရှာ နေပါတယ်” ဟု မင်နက ပြောကြားသည်။

အဆိုပါ ဇာတ်လမ်းတွဲကို နယူးယော့ခ်မြို့ ကွင်းဒေသ၌ ဆောင်းရာသီတွင် စတင် ရိုက်ကူး သွားမည် ဖြစ်သော်လည်း ဇာတ်ကား ထုတ်လွှင့်ပြသမည့်ရက်ကို ယခုအချိန်ထိ မသိရသေးပေ။ “မင်နာ့ဂျ်ဟာ ကမ္ဘာကျော် စူပါစတား တစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ သူရဲ့ ဘဝအကြောင်းကို ဘယ်သူကမှ အခုချိန်ထိ မသိရသေးပါဘူး” ဟု ABC ရုပ်သံမှ အစအီစဉ် ရေးဆွဲခြင်းနှင့် ထုတ်လုပ်မှု ဆိုင်ရာ အမှုဆောင် လက်ထောက် အကြီးအကဲ ကာရေးဘာကီက ထုတ်ပြန်ချက်တွင် ပြောကြားထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly