မြန်မာနိုင်ငံဘောလုံးအဖွဲ႔ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ ကန်ဒေါ်လာ ၅ သိန်းနီးပါးရှိ စပွန်ဆာစာချုပ် ချုပ်ဆို

မြန်မာနိုင်ငံဘောလုံးအဖွဲ႔ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ ကန်ဒေါ်လာ ၅ သိန်းနီးပါးရှိ စပွန်ဆာစာချုပ် ချုပ်ဆို

ဇန်နဝါရီလ ၂၅ ရက် ။                ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပြည်တွင်းဘောလုံးပြိုင်ပွဲ ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ် တို့ကို စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၅၀၀၀၀ ဖြင့် 100 Plus တို့ ၂၀၂၀ အထိ ၂ နှစ်ဆက် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

 
“ အားလုံးက ဒီဘောလုံးအားကစားကို ဖြစ်မြောက်စေချင်တဲ့စိတ် မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ ဘယ်လောက်ပဲ လုပ်လုပ် အောင်မြင်မှ မဟုတ်ပါဘူး။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် စပွန်ဆာတွေက ဝိုင်းဝန်း ကူညီပေးနေတယ်။ လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင် သွားဖို့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ်ကိုလည်း အခုလက်ရှိထက် ပိုမိုကြိုးစားပါ။ အလုပ်ကိုလည်း ပိုပြီး Professional လုပ်ဖို့ လိုပါတယ်။ MFF ၊ MNL မှာ အားနည်းချက်တွေ အများကြီး ရှိတယ်ဆိုတာ ဝန်ခံပါတယ်၊။ ကျွန်တော်မှာလည်း တာဝန်လည်း ရှိပါတယ်။ ဒါကြောင့်မို့လည်း အောင်မြင်မှာပဲ။ စပွန်ဆာတွေ ဆက်ပြီး ရှင်သန်မှာပါ။ ဘောလုံးလောက၊ ဘောလုံးမိသားစု တွေ သူတို႔ရဲ႕ဘဝ ရှင်သန်မှု တွေ ဆက်ပြီးတော့ ရှိနေမှာပါ” လို့  မြန်မာနိုင်ငံဘောလုံးအဖွဲ႔ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။

ဦးဇော်ဇော်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)၊  မြန်မာနေရှင်နယ်လိဂ် (MNL)နှင့် 100 Plus တို့ စပွန်ဆာစာချုပ် ချုပ်ဆိုပွဲ တွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

 လူငယ်ဖွံ႔ဖြိုးမှု စီမံကိန်းကို 100 Plus က ကူညီပံ့ပိုးပေးသွားမည်ဟု သိရပြီး MFFနှင့် MNL တို့ကိုပါ ကူညီပံ့ပိုး သွားမည် ဖြစ်သည်။

100 Plus အနေဖြင့်  မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ်ကို ၂၀၁၉ ရာသီတွင် စုစုပေါင်း ကန်ဒေါ်လာ ၁၂၀၀၀၀ ပေးအပ်သွားမှာဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် Co-Sponsor အဖြင့် အမေရိကန် ဒေါ်လာ ရသောင်းခွဲ ၊ စပွန်ဆာ အနေနဲ့  ကန်ဒေါ်လာ ၄ သောင်းခွဲ နှင့် ကုန်ပစ္စည်းကြော်ငြာအနေဖြင့် အမေရိကန်ဒေါ်လာ ၁ သောင်းခွဲ ကို ပေးအပ်သွားတာ ဖြစ်ပါတယ်။ ၂ ရာသီဆက် စပွန်ဆာအနေဖြင့် အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကျော် ပံ့ပိုးတာလည်း ဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်အတွက် ၂၀၁၉ ရာသီ Co-Sponsor ဖြင့် အမေရိကန်ဒေါ်လာ ၃၈၀၀၀၊ ရှုံးထွက်ပြိုင်ပွဲအတွက် ကျပ် သိန်း ၁၀၀ ၊ တီဗီရုပ်သံတွင် ပြသဖို့အတွက် ကျပ်သိန်း ၁၀၀ ၊ ပြည်နယ် နှင့်တိုင်းဒေသကြီးတွင် ကျင်းပမည့် ပြိုင်ပွဲအတွက်  ကျပ် သိန်း၁၀၀ ၊MNL မှာ အသုံးပြုဖို ့အတွက် အားဖြည့်အချိုရည် ၂ ရာသီအနေဖြင့် ပေးအပ်သွားမှာဖြစ်ကာ စုစုပေါင်း ၁ ရာသီ အနေဖြင် ကန်ဒေါ်လာ ၁ သိန်းနီးပါးနဲ့ ၂ ရာသီဆက်၂ သိန်းနီးပါးကို ပေးအပ်သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

၂၀၁၉ -၂၀ ခုနှစ် တွင်  MFF 100 Plus Cup ပြည်နယ် နှင့်တိုင်း အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ ၊ MNL MPT u 14 ဘောလုံးပြိုင်ပွဲတွေကို ဆက်လက် စပွန်ဆာပေးအပ်သွားမှာဖြစ်ပြီး 100 Plus အနေနဲ့ မြန်မာ့ဘောလုံးလောကအတွက် ၇ နှစ်ဆက်တိုက် စပွန်ဆာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ႔ချုပ်အနေနဲ့ လာမဲ့ ၂၀၂၆ ခုနှစ်ကမ္ဘာဖလားတွင် မြန်မာနိုင်ငံအမျိုးသားဘောလုံး အသင်း ဝင်ရောက်ယှဉ်ပြိုင်ရန် နှင့် ၂၀၂၀ ခုနှစ် Suzuki Cup ပြိုင်ပွဲများတွင် ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ရန် လေးနှစ်တာ စီမံကိန်းချပြီး လုပ်ဆောင်လျက်ရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly