မန္တလေး ၆၆ လမ်း ကျုံးပလက်ဖောင်းကို သင်္ကြန်မတိုင်ခင် အပြီးလုပ်ဆောင်မည်

မန္တလေး ၆၆ လမ်း ကျုံးပလက်ဖောင်းကို သင်္ကြန်မတိုင်ခင် အပြီးလုပ်ဆောင်မည်
  (ဓာတ်ပုံ၊ဒေါက်တာရဲလွင်)

မန္တလေး ၊ ဇန်နဝါရီ ၂၅ ။            ။ လတ်တလောကာလတွင် ပြုပြင်တည်ဆောက်နေသည့် ၆၆ လမ်း၊ ကျုံးပလက်ဖောင်းကို သင်္ကြန်မတိုင်ခင် (မတ်လ) အကုန်လောက်တွင် ပြီးစီးအောင် လုပ်ဆောင်သွားမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က ပြောသည်။

"လုပ်ငန်းခွင်ကို တစ်ပတ်တစ်ကြိမ်စစ်ဆေးပြီး လိုအပ်ချက်တွေ ညှိနှိုင်းရတယ်။ လျှောက်လမ်းနဲ့ ထိုင်စရာ နေရာတွေကို ခြေမချော်အောင် ကြမ်းထားတဲ့ Granite Tiles ကြွေပြားတွေ ခင်းပေးမယ်ပြောတဲ့ အလှူရှင်ရဲ့ စေတနာကို မြို့တော်ကိုယ်စား ကျေးဇူးတင်ပါတယ်။ မန္တလေးမြို့ရဲ့ နေပူရှိန်ကြောင့် ဖြစ်လာမဲ့ Thermal Expansion အတွက် ကြိုတင်စဉ်းစားထားပါတယ်။လမ်းလျှောက်ပင်လေးတွေအတွက် ရေဖြန်းနိုင်ဖို့ Submersible pumps တွေ တပ်ပေးသွားမယ့်အပြင် ညအချိန်အလင်းရောင် ရရှိရေး လျောက်လမ်းမီးအတွက် Garden Lights၊ Pavement Lights နဲ့ Mini Street Lights တွေ တပ်ဆင်သွားမယ်"ဟု မြို့တော်ဝန် ဒေါက်တာ ရဲလွင်က ပြောသည်။

 ထိုသို့ ပြီးစီးနိုင်ရန်အတွက်လည်း လုပ်သားအင်အား ၇၀၀ ဦးကျော်ဖြင့် အဖွဲ့ ၁၂ ဖွဲ့ခွဲကာ နေ့ဆိုင်း၊ညဆိုင်းခွဲ၍ လုပ်ကိုင်လျက်ရှိကြောင်း ၆၆ လမ်း ကျုံးပလက်ဖောင်းနှင့်လက်ရန်း ပြုပြင်ရန်အတွက် ပုံစံနှစ်မျိုးထုတ်၍ ၎င်းပုံစံ နှစ်မျိုးကို ၂နိုဝင်ဘာလ ၁၆ ရက်က ကျုံးဘေးတွင် ဘုတ်ထောင်၍ မြို့လူထု၏ ဆန္ဒမဲကို ရယူပြီး ဆန္ဒအများဆုံး ပြုခဲ့သည့် ပုံစံကို ယခုကဲ့သို့ ပြုပြင်တည်ဆောက်နေခြင်းဖြစ်ပြီး အလှူရှင်မှာ ဧဒင်ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးချစ်ခိုင်ဖြစ်ကြောင်း သိရသည်။

 " ၆၆ လမ်းပလက်ဖောင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ၁၂လမ်း ၁၆ လမ်းကြားနေရာကို ပြည်သူတွေ နေဝင် ဆည်းဆာကို ထိုင်ပြီးကြည့်ရှုအပန်းဖြေနိုင်မယ့် နေရာလေးအဖြစ် ဖန်တီးထားပါတယ်။ လူသွားလမ်း ပိုကျယ်ကျယ်ရနိုင်ဖို့ Flower Box ကို Square Shape လုပ်ဖို့ အBကံပေးထားပါတယ်။"ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

 မန္တလေးတွင် ထိုသို့ ကျုံးဘေး ပလက်ဖောင်းများ မပြုပြင်မီ ကျုံးလက်ရန်းများကို အဆင့်မြှင့်ပြောင်းလဲ တပ်ဆင်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly