ထိုင်မသိမ်းဆိုလည်း ထိုင်မသိမ်းတိတိကျကျ လို့ ဆိုတဲ့ Designer တင်မောင်ခိုင် နှင့် တွေ့ဆုံခြင်း

25 January 2019
ထိုင်မသိမ်းဆိုလည်း ထိုင်မသိမ်းတိတိကျကျ လို့ ဆိုတဲ့ Designer တင်မောင်ခိုင် နှင့် တွေ့ဆုံခြင်း

ဒီအစီအစဉ်ကတော့ အနုပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့မှ ရိုက်ကူးထုတ်လွင့်ပေးနေတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်ခင်ဗျား၊ အခုမှာတော့   မန္တလေးက နာမည်ကျော် ဒီဇိုင်နာ ကိုတင်မောင်ခိုင် ကို ဖိတ်ခေါ်ထားတာပဲ ဖြစ်ပါတယ်ခင်ဗျား။   ကိုတင်မောင်ရဲ့ ရင်တွင်းစကားသံများနဲ့အတူ သူ့ရဲ့ Artist တစ်ယောက်အနေနဲ့ အနုပညာပေါ်ကို ဘယ်လောက်ထိတောင်မှ စိတ်ထားတွေ ဘယ်လိုမျိုး ထားတယ်ဆိုတာလည်း ပရိသတ်များကို ခံစားမျှဝေပေးပါလားခင်ဗျား။

မေး။ ။ ဟုတ်ကဲ့ပါ၊ အစ်ကိုဟာ ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံပေါ့နော်၊ ကျွန်တော်တို့ မြန်မာပြည်မှာ ဒီဇိုင်နာလို့ အခေါ်အဝေါ် အသုံးအနှုန်းမသုံးခင်ကတည်းကမှ ဒီလုပ်ငန်းတွေ လုပ်လာတာဆိုတော့ အစ်ကို့အနေနဲ့ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံတွေ ဝေမျှပေးပါဦးခင်ဗျ။

ဖြေ။ ။ အစ်ကိုက ၁၉၉၆ ကနေ မန္တလေးမြို့ကို စရောက်လာတယ်၊ အဲ့ဒီအချိန်မှာ ဒီဇိုင်နာဆိုတဲ့ အခေါ်အဝေါ်အသုံးအနှုန်း မြန်မာပြည်မှာ မရှိသေးဘူး။ စက်ချုပ်တဲ့ သတို့သမီးဝတ်စုံချုပ်တဲ့လူက သတို့သမီးဝတ်စုံချုပ်တတ်တဲ့ တစ်လိုင်းပေါ့နော်၊ ရိုးရိုးဝတ်စုံတွေ ချုပ်တဲ့လူက တစ်လိုင်းပေါ့နော်၊ အဲဒီလိုမျိုးရှိတာ အဲ့ဒီတုန်းကတော့ အစ်ကိုက သတို့သမီးဝတ်စုံချုပ်တဲ့ အလုပ်ကို လုပ်တာပေါ့နော်၊ ဒီဇိုင်နာဆိုတဲ့ အခေါ်အဝေါ်အသုံးအနှုန်းမရှိဘူး။ အဲ့ဒီနောက်ပိုင်းမှာ အစ်ကိုတို့ အဲ့ဒီတုန်းက လုပ်ခဲ့ရတဲ့ ပစ္စည်း accessories  ဆိုလို့ရှိရင်လည်း အရမ်းရှားပါးတယ် ။ အားလုံးက ဟန်းမိတ်ပ၊ဲ ဒီခေတ်လို ဘာမှ မရှိဘူး။ ဒီခေတ်က အရမ်း accessories ပေါတယ်၊ လုပ်ရတာ အရမ်းလွယ်ကူတယ်ပေါ့၊ အစ်ကိုတို့ ခေတ်တုန်းက အဲဒီလိုမဟုတ်ဘူး၊ သေသေချာချာ စိတ်ပါဝင်စားစွာနဲ့ အနုစိတ်ပေါ့နော်၊ အားလုံးက ဟန်းမိတ်ပဲ ဒီခေတ်က အစ်ကိုတို့ခေတ်နဲ့စာရင်တော့ အရမ်းလွယ်ကူတာပေါ့နော်။

မေး။ ။ ဒါဆိုလို့ရှိရင် အစ်ကိုကနေပြီးတော့မှ ဒီမန္တလေးမြို့ကို ရောက်လာတယ်ဆိုတော့ အစ်ကို့ရဲ့ ဇာတိကိုလည်း သိပါရစေဗျ။

ဖြေ။ ။ အစ်ကိုက ဆင်ပွဲတွေလုပ်တဲ့ ကျောက်ဆည် မှာနေတာပါ။

မေး။ ။ ဒါဆိုလို့ရှိရင် အစ်ကို့ရဲ့ လက်ဦးဆရာက ပထမဦးဆုံးဘယ်သူဖြစ်မလဲဗျ။

ဖြေ။ ။ အစ်ကို့ရဲ့ ဆရာက ဒီမန္တလေးမြို့မှာပဲ ပန်းတမာလင်းလင်း ပါ။

မေး။ ။ ဒါဆိုရင် တကယ့်ကို နာမည်ကြီးတဲ့ Artist တစ်ယောက်ကနေပြီးတော့ အစ်ကို့လို အခုလို နာမည်ကြီးတဲ့ Artist တစ်ယောက်ကို တကယ်ကို လက်ဆင့်ကမ်းပြီးတော့ မွေးဖွားပေးလိုက်တာပေါ့ နော်။

ဖြေ။ ။ ဟုတ်တယ်။ နောက်တစ်ယောက်ရှိသေးတယ်၊ နောက်တစ်ယောက်ကတော့ ရန်ကုန်မှာ လှကမ္ဘာဦးတွတ်။

မေး။ ။ ဒါဆိုလို့ရှိရင် အစ်ကိုတို့ ခေတ်တုန်းက အစ်ကို စစဦး ပထမဦးဆုံးလုပ်တယ်ပေါ့နော် ။ ဒီအနုပညာနဲ့ ပတ်သက်ပြီးတော့မှ ဒီအဝတ်အစားတွေလုပ်တယ်၊ လုပ်ပြီးတော့မှ တကယ့်သတိုးသမီးဝတ်စုံတွေ ချုပ်တဲ့ခေတ်နဲ့ အခုခေတ်မှာပေါ့နော် အရမ်းကွာဟမှု ရှိလိမ့်မယ်လို့ ကျွန်တော်က ထင်ပါတယ်ဗျ။ အစ်ကို့ရဲ့ အမြင်လည်း သိပါရစေ။

ဖြေ။ ။ အဲ့ဒီတုန်းကတော့ လူတွေက အစ်ကိုတို့ မန္တလေးမှာဆိုရင်၊ ရန်ကုန်နဲ့ မန္တလေးနဲ့ ယှဉ်ရင် မန္တလေးကတော့ နည်းနည်း တောကျတာပေါ့နော်၊ တောကျတယ် ဆိုတဲ့အခါကျ ရန်ကုန် နဲ့ မန္တလေးက အမြင် မတူကြဘူး။ သူတို့ကတော့ အစ်ကိုတို့မြို့က ယဉ်ကျေးမှုမြို့တော် ဖြစ်တဲ့အတွက် ရိုးရိုးယဉ်ယဉ် သိမ်သိမ်မွေ့မွေ့ပဲ ချုပ်ကြတယ်ပေါ့နော်။ ဒီဘက်ခေတ်မှာကျတော့ လူတွေကလည်း အရမ်းအမြင် ကျယ်လာတယ်၊ တိုးတက်လာတဲ့ခေတ်ပေါ့နော် ။ အဲ့ဒီတော့ ထိုင်မသိမ်းဆိုတာက ထိုင်မသိမ်းအစစ် ရယ်လို့ မဟုတ်တော့ဘူး၊   ထိုင်မသိမ်းတော့ ထိုင်မသိမ်းပဲ ဒါပေမယ့် ထမီတိုင်း အကျင်္ ီတော့  အစစ်မဟုတ်တော့ဘူး ဒီခေတ်မှာလည်း အဲ့ဒီထိုင်မသိမ်း အကျင်္ ီအစစ်ချုပ်တဲ့ ဒီဇိုင်နာက အရမ်း ရှားပါးသွားပြီပေါ့နော်၊ ထိုင်မသိမ်း မြန်မာသတို့သမီး ထိုင်မသိမ်းဝတ်စုံကို တိတိကျကျ ချုပ်တဲ့ ပညာရှင်ကတော့ အရမ်းနည်းသွားပြီ။

မေး။ ။ ဒါဆိုလို့ရှိရင် အခုခေတ်မှာ ချုပ်နေတဲ့ထိုင်မသိမ်းနဲ့ အစ်ကိုတို့ခေတ်တုန်းက ထိုင်မသိမ်းနဲ့ ဘယ်လိုကွာခြားမှုတွေ ရှိလဲဗျ။

ဖြေ။ ။ အစ်ကိုတို့တုန်းကတော့ စီးကွင့် သိပ်မပါဘူးပေါ့နော်၊   အခုကတော့ ပြဒါးစေ့တွေ ဖန်ချောင်းတွေ၊ စိန်တွေ ၊ ကျောက်တွေ အဲ့ဒီဟာနဲ့ ဖောင်းကြွမှု ရှိအောင် လှလှပပဖြစ်အောင်ပေါ့နော် ဖန်တီးခွင့်ရတယ်။ အစ်ကိုတို့တုန်းကကျတော့ အဲ့ဒီလောက် ဖန်တီးခွင့်မရဘူး၊ လူတွေက မဝတ်ရဲဘူး၊ ကြောက်တာပေါ့နော်။ အဲဒီလိုမျိုး အများကြီးဝတ်လို့ရှိရင် ဇာတ်ကတဲ့ မင်းသမီးတွေ ဝတ်တယ်လို့ သူတို့က ထင်တာ၊ ဒီဘက်ခေတ်မှာကျတော့ မဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ဒီဇိုင်း ကိုယ်လိုချင်တဲ့ပုံစံ ကိုယ့်စိတ်ကူးရှိသလောက် ပုံဖော်ခွင့်ရတယ်။ ဒီဘက်ခေတ်က ပိုပြီးတော့ ကောင်းလာတယ်ပေါ့နော်။ တိတိကျကျလုပ်တာကတော့ အရင်တုန်းကပိုပြီးတော့ ထိုင်မသိမ်းဆို ထိုင်မသိမ်း၊ တိတိကျကျလုပ်တယ်။ ဒီဘက်ခေတ်မှာတော့ ထိုင်မသိမ်းရယ်လို့ မဟုတ်ဘူး။ တိတိကျကျမဟုတ်ဘူး၊ ထမီနားပါလို့ရှိရင် ထိုင်မသိမ်းလို့၊ လူတော်တော်များများကလည်း ထိုင်မသိမ်းကဘယ်ဟာလဲ ဘယ်ဟာထိုင်မသိမ်းအစစ်လဲ ဆိုတာကို နားမလည်ကြဘူး။ နားမလည်တော့ ထမီနားပါလို့ရှိရင် သတို့သမီးရဲ့ ထမီမှာ အနားတပ်လိုက်လို့ရှိရင် ထိုင်မသိမ်းလို့ သူတို့က ထင်တာပေါ့၊ အစ်ကိုတို့ နားလည်တဲ့လူတွေကျ ထိုင်မသိမ်းက ထိုင်မသိမ်းပဲ၊ နောက်ပြီးတော့ ထိုင်မသိမ်းဆိုတာက သူ့ရဲ့ အဆင့်အတန်းတွေ ရှိတယ်။ ဥပမာ ရေသီနားတပ်တဲ့ ထမီရေသီနား ဆိုတာ ရှိတယ် ၊ အဲ့ဒီ ရေသီနားတပ်တဲ့နေရာမှာ သူ့ရဲ့ အဆင့်အတန်းတွေ ကွာသွားတယ် ၊ ဒီလို ဒူးကနေပြီးတော့ စပြီးရေသီနားတပ်မယ်ဆိုရင် ရှေးတုန်းက ဘုရင်တွေလက်ထက်တုန်းကဆိုရင် အဲ့ဒါက အပျိုတော်တွေပေါ့နော်၊ အပျိုတော်တွေ ဝတ်တဲ့ ထမီဆိုရင် ဒူးကနေ စတပ်တာ နောက်သူ့ထက်အဆင့်နှိမ့်သွားပြီဆိုရင် ဥပမာ မင်းသမီးပေါ့ ဘုရင့်ရဲ့ သား၊သမီးဆိုလို့ရှိရင် မိဘုရားဆိုရင် အောက်နားမှာပဲ တပ်တာ။

မေး။ ။ ဒါဆိုလို့ရှိရင် အဝတ်အစားနဲ့ ပတ်သက်ပြီးတော့လည်း အဆင့်ဆင့် ရာထူးအဆင့်ဆင့် ခွဲထားတဲ့ပုံစံပေါ့နော်။

ဖြေ။ ။ ရာထူးအဆင့်ဆင့် ခွဲထားတယ်၊ အဲဒီလိုမျိုးပေါ့ အခုအဲ့ဒါကြောင့်မို့လို အစ်ကိုကလေ မြန်မာကားတွေပေါ့နော် မြန်မာရာဇဝင်ကားတွေ အရမ်းတိုးတက်စေချင်တာ ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကိုတို့ နိုင်ငံခြားကားတွေ ကြည့်လိုက်ပြီဆိုရင် ဒီရာဇဝင်ကားရိုက်တယ်ဆိုရင် ဝန်ကြီးကလည်း သူ့အဆင့်နဲ့သူ မင်းသား၊မင်းသမီးဆိုလည်း သူ့အဆင့်နဲ့သူပေါ့နော်၊ သူ့အဆင့်နဲ့ သူ့နေရာနဲ့လိုက်ပြီး အဲ့ဒီအဝတ်အစား ဆင်ယင်မှုတွေက အရမ်းကွာတယ်၊ အစ်ကိုတို့ဆီမှာ အဲဒီလိုမဟုတ်ဘူး။ ဒါတကယ် မြန်မာရာဇဝင်ကို ရိုက်မယ်ဆိုရင် နိုင်ငံတကာကလည်း ကြည့်ကြမှာ နိုင်ငံတကာသွားပြတာလည်း ရှိတယ်၊ အဲ့ဒီတော့ အစ်ကိုတို့ နောက်လာတဲ့ လူတွေက ဒီမြန်မာရိုးရာနဲ့ ပတ်သက်တဲ့ အဝတ်အစားဆင်ယင်မှုတွေ၊ ဖန်တီးပြတဲ့လူတွေက လွဲမှားသွားလို့ရှိရင် နောက်ဟာလည်း အလွဲအမှားတွေ ဖြစ်ဦးမှာလေ ။ အဲ့ဒီတော့ အစ်ကိုက အဲဒီလိုမျိုးပေါ့နော် တိတိကျကျ အရမ်းဖြစ်စေချင်တယ်၊ ထိုင်မသိမ်းဆိုလည်း ထိုင်မသိမ်းတိတိကျကျ၊ ဒါက ပြဿနာမရှိသေးဘူး။ နောက် ဒီ မြန်မာရိုးရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဆိုရင် အရမ်းတိကျဖို့လိုတယ် ။

မေး။ ။ ဒါဆိုရင် အစ်ကို ကျွန်တော်တစ်ခုလောက်မေးချင်တယ်ဗျ။ ဟိုတလောတုန်းက အစ်ကိုတို့ မန္တလေးမြို့က မြို့တော်ခန်းမမှာ ကပြခဲ့တဲ့ ပြဇာတ်တစ်ခုနဲ့ ပတ်သက်ပြီးတော့မှ ပေါ့နော်။ ပရိသတ်တွေရဲ့ ဒီဇိုင်နာပေါ်ကို ဝေဖန်မှုတွေလည်း ကျွန်တော်တို့ အများကြီးပဲမြင့်တက်နေတာ တွေ့ရတယ်ဗျ၊ ဆိုတော့ အစ်ကို့လို အခုလိုပေါ့နော် မြန်မာ လူမျိုးတစ်ယောက်အနေနဲ့ မြန်မာကာချာကို သေချာဖော်ညွန်းတဲ့ လူတစ်ယောက်ဆိုလို့ရှိရင် ဒီပြဇာတ်နဲ့ ပတ်သက်ပြီးတော့မှ အစ်ကို ဘာများပြောချင်ပါသလဲခင်ဗျ။

ဖြေ။ ။ အစ်ကိုကတော့ ဘာမှ အထူးတော့ မပြောချင်ပါဘူး၊ မပြောချင်ဘူးဆိုတာက သူတို့ရဲ့ ဒီဇိုင်နာကိုလည်း အပြစ်ပြောလို့မရဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဇိုင်နာတွေ လုပ်ရတဲ့ မချိန်အခါရှိတယ်လေ။ သူတို့ပေးတဲ့ အချိန်နဲ့ သူတို့ဖန်တီးရမယ့် ဒီဝတ်စုံဆိုတာက အရမ်းတာဝန်ကြီးတယ်လေ။ အဲ့ဒီတော့ ဒါရိုက်တာက သူ့ကို ဘယ်သူခိုင်းထားလဲ ဆိုတာလည်း ကိုယ်မသိဘူး။ နောက် ဒီဇိုင်နာရဲ့ ဖန်းတီးရမယ့် အချိန်အတိုင်းအတာက ဘယ်လောက်ရလဲ ဆိုလည်း မသိဘူး။ အဲ့ဒီတော့ ဒီအဆင်ပြေအောင် သူလည်း ဖန်တီးရတယ်လို့ အစ်ကိုထင်တာပေါ့နော်၊ ဒါပေမယ့်   အစ်ကိုလည်း အတူတူပဲပေါ့နော်၊ အစ်ကို့ကို ဒီရက်ပိုင်းမှာ ဒီရက်အတွင်းမှာ ဘယ်နှစ်စုံ ချုပ်ပေး ဆိုလို့ရှိရင် တိကျဖို့ အချိန်၊ ဒီဝတ်စုံရဲ့ ခမ်းနားဖို့ တိကျဖို့ဆိုတာက အရမ်းမလွယ်ဘူး၊ ဥပမာ ဒွါဒရာ တစ်ခုလုပ်မယ်ဆ်ိုရင် လက်စည်းလုပ်ရမယ်၊ ဒီလည်ပင်းမှာပါတဲ့ ဒွါဒရာ တွေ လုပ်ရမယ်၊ အဲ့ဒီ ဒွါဒရာ တစ်ခုဖန်တီးဖို့ ဆိုတာကိုက အရမ်းခဲယဉ်းတယ်၊ မလွယ်ဘူးပေါ့နော် အစ်ကိုထင်တာ အချိန်မရလို့ လို့ထင်တယ်။

ဟုတ်ကဲ့ပါ။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ မဇ္ဈိမတီဗီရဲ့  ဒီ Artist Interview အစီအစဉ်မှာ  ပါဝင်ပေးတဲ့အတွက်  အထူးပဲ ကျေးဇူးတင်ပါတယ်။

ကျွန်တော်လည်း မဇ္ဈိမတီဗီကို စောင့်မျှော်ကြည့်ရူနေကြတဲ့ ပရိသတ်ကြီးအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly