ဘရာဇီးလ် အုပ်စုချောင်ပြီး အာဂျင်တီးနာနဲ့ ကိုလံဘီယာတို့ တစ်အုပ်စုတည်း ကျရောက်တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုမဲခွဲမှု

ဘရာဇီးလ် အုပ်စုချောင်ပြီး အာဂျင်တီးနာနဲ့ ကိုလံဘီယာတို့ တစ်အုပ်စုတည်း ကျရောက်တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုမဲခွဲမှု
Photo: EPA

၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုအဆင့်မဲခွဲပွဲကို ရိုယိုဒီဂျနရိုမြို့မှာ ဇန်နဝါရီ ၂၄ ရက်က ကျင်းပခဲ့ပြီး အိမ်ရှင် ဘရာဇီးလ်ဟာ အုပ်စုချောင်ခဲ့ပေမယ့် ပြိုင်ဘက် အာဂျင်တီးနားအသင်းမှာ ကိုလံဘီယာအသင်းနဲ့အတူ အုပ်စုကျပ်ထဲ ကျရောက်ခဲ့ပါတယ်။

အုပ်စုမဲခွဲပွဲမှာ ဘရာဇီးလ်အသင်းဟာ အသင်းငယ်တွေဖြစ်တဲ့ ဘိုလီးဗီးယား၊ ဗင်နီဇွဲလား၊ ပီရူးအသင်းတို့နဲ့ အုပ်စု (A) မှာ ကျရောက်ခဲ့ပြီး အုပ်စု (B) မှာတော့ အာဂျင်တီးနားက နာမည်ကြီးအသင်းတွေဖြစ်တဲ့ ကိုလံဘီယာ၊ ပါရာဂွေး၊ ကာတာအသင်းတို့နဲ့အတူ ကျရောက်နေပါတယ်။

အုပ်စု (င) မှာတော့ လက်ရှိချန်ပီယံ ချီလီဟာ ဥရုဂွေး၊ အီကွေဒေါ၊ ဂျပန်အသင်းတို့နဲ့အတူ ကျရောက်ခဲ့ပါတယ်။ 

အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၄ ရက်မှာ ဆော်ပေါလ်လိုမှာ ဘရာဇီးလ်အသင်းနဲ့ ဘိုလီးဗီးယားအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဥရုဂွေးအသင်းက ချန်ပီယံ (၁၅) ကြိမ်ဖြင့် ရပ်တည်နေပြီး ဒုတိယနေရာမှာ အာဂျင်တီးနား (၁၄) ကြိမ်၊ အိမ်ရှင် ဘရာဇီးလ်အနေနဲ့တော့ (၈) ကြိမ်ဖြင့် တတိယ အအောင်မြင်ဆုံးအဖြစ် ရပ်နေပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဇူလိုင်လ ၇ ရက်မှာ ရီယိုရဲ့ အထင်ကရ မာယာကာနာကွင်းကြီးထဲမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုများ

အုပ်စု (A) - ဘရာဇီးလ်၊ ဘိုလီဗီးယား၊ ဗင်နီဇွဲလား၊ ပီရူး
အုပ်စု (B) - အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပါရာဂွေး၊ ကာတာ
အုပ်စု (C)  - ပါရာဂွေး၊ အီကွေဒေါ၊ ဂျပန်၊ ချီလီ

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly