မကွေးမြို့တွင် ချုံများအတွင်းမှ ကျည်ဆံဟောင်း ၃၁၄ တောင့် တွေ့ရှိ

မကွေးမြို့တွင် ချုံများအတွင်းမှ ကျည်ဆံဟောင်း ၃၁၄ တောင့် တွေ့ရှိ
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဇန်နဝါရီလ ၂၄ ။           ။ မကွေးတိုင်းဒေသကြီး၊ အောင်ချမ်းသာရပ်ကွက် ၊ မြေကွက်အတွင်းရှိ ချုံများအတွင်းမှ ပလတ်စတစ် အိတ် အဟောင်းဖြင့် ထည့်ထားသည့် ၇ ဒသမ ၆၂ ကျည်ဆံအဟောင်း ၃၁၄ တောင့်ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ကျည်ဆံဟောင်းများတွေ့ရှိခဲ့သည့်မြေကွက်မှာ မင်းဘူးမြို့၊ (၃)ရပ်ကွက်နေ ဦးလှိုင်မင်းသူ ဆိုသူ ပိုင်ဆိုင်သည့် မြေကွက်ဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့် ယင်းမတောကျေးရွာနေ နိုင်မင်းစိုး ဆိုသူအပါအဝင် ၃ ဦးက ချုံများရှင်းလင်းစဉ် ယင်းကျည်ဆန်ဟောင်းများတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၂၄ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကျည်ဆံဟောင်းများအား လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက သိမ်းဆည်း သွားကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၃ ရက်၊ နံနက် ၈ နာရီခွဲခန့်အချိန်ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာ ကုန်းရပ်ကွက်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အားကစားကွင်းအနီး၌ စည်ပင်လိုင်းခန်း ဆောက်လုပ်ရန် မြေတူးစက်ဖြင့် မြေတူးစဉ် အလျား ၂ ပေ ၆ လက်မ၊ လုံးပတ် ၂ ပေ ၂ လက်မခန့်ရှိ စစ်ကျန်ဗုံးသီးဟောင်း(၁)လုံးအား တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်က စစ်ဆေးသိမ်းဆည်းခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly