တရုတ်နဲ့ တင်းမာမှု မြင့်တက်နေချိန် ထိုင်ဝမ်က မောင်းသူမဲ့ ဒရုန်းယာဉ်သစ်ကို ထုတ်ဖော်ပြသ

တရုတ်နဲ့ တင်းမာမှု မြင့်တက်နေချိန် ထိုင်ဝမ်က မောင်းသူမဲ့ ဒရုန်းယာဉ်သစ်ကို ထုတ်ဖော်ပြသ

ဇန်နဝါရီ ၂၄ ။            ။ နောက်ဆုံး ထုတ်လုပ်ထားတဲ့ ခရီးဝေးသွားနိုင်မယ့် စောင့်ကြည့် ဒရုန်းလေယာဉ်သစ်တစ်စီးကို ထိုင်ဝမ် ရေတပ်က ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ဖော်ပြသလာခဲ့ပါတယ်။

လက်ရှိအချိန်မှာ တရုတ် ပြည်မကြီးဘက်က အင်အားပြလိုတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တန်ပြန်နိုင်ရေးအတွက် ထိုင်ဝမ်ကျွန်းရဲ့ စစ်တပ်အနေနဲ့ ယခုလို တွန်းအားပေးလုပ်ဆောင်လာနေတာဖြစ်ပါတယ်။

တရုတ်တို့ဘက်ကတော့ ထိုင်ဝမ်ကို တစ်ချိန်ကျရင် ပြန်လည်ပေါင်းစည်းမယ့် ယင်းရဲ့ နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားဆဲဖြစ်ပါတယ်။

ဒါပေမယ့် ပြည်တွင်းစစ်တစ်ခုဖြစ်ပြီး ၁၉၄၉ မှာ နှစ်ဘက်ကွဲသွားပြီးကတည်းက ယင်းနှစ်ဘက်စလုံးဟာ သီးခြားစီ အုပ်ချုပ်နေခဲ့ကြတာဖြစ်ပါတယ်။

ထိုင်ဝမ်တို့ဘက်က တရားဝင်လွတ်လပ်ရေး ကြေညာလာခဲ့မယ်ဆိုရင် အင်အားသုံး ဖြေရှင်းဖို့ ဝန်မလေးဘူးဆိုပြီး ပေကျင်းအစိုးရက ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly