မလေးရှားမှာ ဘုရင်သစ် ရွေးချယ် တင်မြှောက်

မလေးရှားမှာ ဘုရင်သစ် ရွေးချယ် တင်မြှောက်

ဇန်နဝါရီ ၂၄ ။          ။ မလေးရှားနိုင်ငံရဲ့ ဘုရင်သစ်အဖြစ် ပါဟမ်းပြည်နယ်က ဆူလ်တန် အဗ္ဘဒူလာ ကို ဇန်နဝါရီ ၂၄ ရက်က ရွေးချယ် တင်မြှောက်လိုက်ပြီဖြစ်ပါတယ်။

မကြာသေးမီကပဲ ယခင်ဘုရင် ဆူလ်တန် မိုဟာမက် (၅) က ရုတ်တရက် အကြောင်းပြချက် မပေးဘဲ နန်းစွန့်သွားပြီးနောက် ခုလို ဘုရင်သစ်ကို တင်မြှောက်ခဲ့ရတာဖြစ်ပါတယ်။

ဘုရင်ဟောင်း ဆူလ်တန် မိုဟာမက် (၅) ကတော့ ရုရှား အလှမယ်ဟောင်းတစ်ဦးကို လက်ထပ်ယူခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ၎င်းရဲ့ သက်တမ်းမပြည့်ခင်မှာပဲ ထီးနန်းစွန့်သွားတာဖြစ်ပါတယ်။ ယင်းကတော့ နိုင်ငံသမိုင်းမှာ ပထမဆုံး ထီးနန်းစွန့်မှုလည်း ဖြစ်လာခဲ့ပါတယ်။

ယခု ဘုရင်သစ်အဖြစ် တင်မြှောက်ခံရတဲ့ ဆူလ်တန် အဗ္ဘဒူလာ အာမက် ရှားကတော့ အားကစားဘက်မှာ အင်မတန် ၀ါသနာကြီးသူ တစ်ဦး ဖြစ်ပြီး FIFA အပါအဝင် အားကစား အဖွဲ့တွေမှာ ပါဝင်ထားခဲ့သူလည်းဖြစ်ပါတယ်။

၎င်းကတော့ လာမယ့် ဇန်နဝါရီ ၃၁ ရက်မှာ ဘုရင်သစ်အဖြစ် တရားဝင် ကျမ်းကျိန်သွားမယ်လို့ မျှော်လင့်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly