သရုပ်ဆောင်သီဟတင်စိုးအမှုမှ တရားလိုဖြစ်သူဒေါ်ဇင်မာဦး၏အစ်မက တရားလိုပြသက်သေအဖြစ် လာရောက် ထွက်ဆို

By ထွန်းထွန်းဝင်း
24 January 2019
သရုပ်ဆောင်သီဟတင်စိုးအမှုမှ တရားလိုဖြစ်သူဒေါ်ဇင်မာဦး၏အစ်မက တရားလိုပြသက်သေအဖြစ် လာရောက် ထွက်ဆို

ရန်ကုန်၊ ဇန်နဝါရီလ၂၄ ။          ။ သရုပ်ဆောင် သီဟတင်စိုးအမှုမှ တရားလိုဖြစ်သော ဒေါ်ဇင်မာဦး၏ အစ်မ ဒေါ်ကေသီဦးက ဇန်နဝါရီ ၂၄ ရက် တွင်ပြုလုပ်သော  ရုံးချိန်း၌ တရားလိုပြသက်သေအဖြစ် တရားခွင်သို့လာရောက် ထွက်ဆိုခဲ့သည်။

အဆိုပါ ရုံးချိန်းတွင် ပုဒ်မ ၃၈၉ ၊ ပုဒ်မ ၂၁၁ နှစ်ခု ဖြင့် တရားစွဲဆိုခံထားရသည့် အိမ်အကူဒေါ်ခင််မာမြင့် ကို ရုံးထုတ်ခဲ့ပြီး အိမ်အကူဒေါ်ခင်မာမြင့်ကို ပုဒ်မ ၂၁၁ ဖြင့် လီဆယ်တိုင်တန်းထားသည့်အမှုမှ တရားလိုပြ သက်သေတစ်ဦးကိုလည်း သင်္ဃန်းကျွန်းမြိုနယ် တရားရုံးတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“သူဘက်ပဲ သူပြောမှပေါ့ ။အစ်မ တို့ခံစားရတာ အစ်မတို့ပဲသိတယ်။ ဒါပါပဲ အစ်မက သူအစ်မ ဆိုတော့ ” ဟု ဒေါ်ကေသီဦးက မီဒီယာများ ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

သရုပ်ဆောင် သီဟတင်စိုးကို ပုဒ်မ ၃၈၉ ၊ မုဒိမ်းမှုဖြင့် လီဆယ်တိုင်တန်းသည့်အမှုမှ တရားလိုပြသက်သေ အဖြစ်ဒေါ်ကေသီဦး က လာရောက်ထွက်ဆိုကာအပြန်အလှန်မေးမြန်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် သီဟတင်စိုးက အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်ကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၄ရက် ညနေပိုင်းတွင် တိုင်းတန်းခံရပြီး သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၃၈၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအမှုအတွက် လာမည့် ရုံးချိန်းကို ဇန်နဝါရီလ ၂၈ ရက် နေ့သို့ ပြန်လည်ချိန်းဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly