ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ နုတ်ထွက်စာ တင်မည်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ နုတ်ထွက်စာ တင်မည်

ပုသိမ်၊ဇန်နဝါရီ ၂၄ ။          ။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က နုတ်ထွက်စာတင်သွားမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဇန်နဝါရီလ၂၄ ရက်နေ့တွင် မဇ္စျိမ သို႔ ပြောသည်။

ယနေ့ ဇန်နဝါရီ ၂၄ ရက်အထိ နုတ်ထွက်စာ မတင်သေးသော်လည်း ၎င်း ဒုဥက္ကဋ္ဌ  နုတ်ထွက်စာတင်မည်ဖြစ်ကြောင်း ဥက္ကဋ္ဌက အတည်ပြုပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အခုထိတော့ စာမတင်သေးဘူး၊ပြီးခဲ့တဲ့ ၄၊၅ ရက်ကတော့ ဖုန်းနဲ့ နှစ်ကြိမ်ပြောတယ်၊ အခုက ကျွန်တော့ရုံးခန်းကို လာပြောတယ်၊ နုတ်ထွက်စာတင်မယ်လို ့ပြောတယ်၊စာတော့ မပေးသေးဘူး၊သူပေးမှ ကျွန်တော်လည်း ဆက်စီစဉ်ရမှာတွေ ရှိသေးတယ်လေ”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က မဇ္စျိမသို႔ပြောသည်။

”လောလောဆယ်တော့ ကျွန်တော်ဘာမှ မပြောသေးဘူးဖို႔ မရှိသေးပါဘူး”ဟု လွှတ်တော်ဒုဥက္ကဋ္ဌဦးစံမင်းအောင်က မဇ္စျိမသို႔ ပြောသည်။

" ကျွန်တော်နဲ့ ကျွန်တော့မဲန္ဒနယ်မြေမှာရှိတဲ့ ပြည်သူတွေရဲ့ စိုးရိမ်ထိတ်လန်႔မှုတွေရော၊ ပြည်သူတွေစိတ်ခံစားမှု ဝေဒနာတွေပါ ဖြေဖျောက်သွားနိုင်ဖို ့ကျွန်တော်ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားဖို ့ရှိပါတယ်။ ဒါတွေ အားလုံး နောက်ဆုံးဖြေရှင်းပြီးတဲ့အချိန်အထိ ဆက်လက်ဖြေရှင်းဆောင်ရွက်သွားဖို႔ ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က ဇန်နဝါရီလ၂၁ ရက်နေ့က မီဒီယာများကို  ပြောထားသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းလွှတ်တော်ရုံး၌ အသုံးပြုမည့်ကား ၅ စီး ဝယ်ယူရာတွင် အလွဲသုံးစားမှု ပြုလုပ်သည်ဟုဆိုပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို တိုင်ကြားခံထားရခြင်းဖြစ်ပြီး  ဇန်နဝါရီလ ၁၅ ရက်က NLD ပါတီမှ အပြီး ထုတ်ပယ်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပါတီမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့လည်း  စာပေးပို့အကြောင်းကြားရန် စီစဉ်ထားသည် ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required