အကောင်းမွန်ဆုံး အရသာကို ခံစားခြင်း - ပိုကောင်းတဲ့ အရသာ၊ ပိုကောင်းတဲ့ ဘီယာ၊ Kirin Ichiban (ကီရင်အီချီဘန်)

အကောင်းမွန်ဆုံး အရသာကို ခံစားခြင်း - ပိုကောင်းတဲ့ အရသာ၊ ပိုကောင်းတဲ့ ဘီယာ၊ Kirin Ichiban (ကီရင်အီချီဘန်)

(ပိုမို၍ သာလွန်ကောင်းမွန်သော ချက်လုပ်မှု နည်းစနစ်အသစ်ဖြင့် ဖန်တီးထုတ်လုပ်ထားသည့် ပြေပြစ်မျှတသည့် အရသာအသစ်)

 ရန်ကုန်၊ မြန်မာ (ဇန်နဝါရီ ၂၃၊ ၂၀၁၉ ခုနှစ်) ။      ။ မြန်မာနိုင်ငံ၏ နံပါတ်တစ် ဘီယာကုမ္ပဏီဖြစ်သည့် မြန်မာ ဘရူရီလီမိတက် (Myanmar Brewery Limited) မှ ပုံစံဒီဇိုင်းအသစ်၊ အရသာအသစ်တို့ဖြင့် ထပ်မံထုတ်လုပ် ထားပြီး ယနေ့တွင် တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည့် Kirin Ichiban (ကီရင်အီချီဘန်) ဘီယာသည် ကမ္ဘာပေါ်တွင် အများနှင့်မတူ တမူထူးခြားသည့် အနံ့အရသာကို အပြည့်အဝ ပေးစွမ်းနိုင်စေရန်အတွက် အစစ်မှန်ဆုံး၊ အရည်အသွေး အမြင့်ဆုံး မုယောစပါးကို အသုံးပြုပြီး မုယောအချိုရည်၏ ပထမဆုံးသော ဦးရည်ကိုသာ အသုံးပြုပြီး ထုတ်လုပ်သည့် တစ်ခုတည်းသော ချက်လုပ်ခြင်းနည်းစနစ်အသစ် (First Press Method) ကို အသုံးပြုထားသည်။

ယခုအခါတွင် မြန်မာနိုင်ငံမှ ဘီယာချစ်သူများအနေဖြင့် ပိုမိုသာလွန်ကောင်းမွန်သည့် ချက်လုပ်ခြင်း နည်းစနစ်အ သစ်ဖြင့် ထုတ်လုပ်ထားသည့် ပြေပြစ်မျှတကောင်းမွန်သည့် Kirin Ichiban (ကီရင်အီချီဘန်) ၏ ထိပ်တန်း အဆင့်မြင့်ရသာအသစ်ကို အပြည့်အဝ မြည်းစမ်းခံစားနိုင်တော့မည်ဖြစ်သည်။ ထုတ်လုပ်မှုဖြစ်စဉ်နှင့် ချက်လုပ် ခြင်းနည်းပညာအသစ်များဖြင့် ထုတ်လုပ်ထားသော Kirin Ichiban (ကီရင်အီချီဘန်) ကို သောက်သုံးသူများ အနေဖြင့် ပြေပြစ်မျှတပြီး ကြွယ်ဝသည့် အနံ့၊ အရသာတို့ကို ရရှိခံစားနိုင်မည်ဖြစ်သည်။

“မြန်မာပြည်ဘီယာစျေးကွက်အနေနဲ့ ခေတ်မီဆန်းပြား ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့အနေနဲ့ ၁၀၀ ရာခိုင်နှုန်း စစ်စစ် မုယောစပါးကနေ ပထမဆုံး ဦးရည်သီးသန့်ကို ရယူပြီး ချက်လုပ်တဲ့ First Press နည်းပညာကို အဆင့်မြှင့်တင်နိုင်ရန် အစဉ်အမြဲ ကြိုးစားလျက်ရှိပါတယ်။ ယနေ့ မိတ်ဆက်ပေးလိုက်တဲ့၊ ယခင်ကထက် ပိုမိုသာလွန် ကောင်းမွန်တဲ့ Kirin Ichiban (ကီရင်အီချီဘန်) ကို သောက်သုံးသူတွေ အကောင်းဆုံးသော ခံစားမှု အတွေ့အကြုံများကို ပေးစွမ်းနိုင်ဖို့ ကျွန်တော်တို့ အနေနဲ့ သေချာစွာ အထူးတလည် စိစစ်ရွေးချယ်ထားတဲ့ အဆင့်မြင့်ဆုံး ကုန်ကြမ်းတွေကို အသုံးပြုပြီး အနုပညာလက်ရာမြောက်စွာ ဖန်တီးထားပါတယ်။” ဟု မြန်မာ ဘရူရီ လီမိတက်၊ ကီရင်အီချီဘန်၏ Brand Manager ဖြစ်သူ Takashi Harada က ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ Kirin Ichiban (ကီရင်အီချီဘန်) ကို မြန်မာစျေးကွက်မှာ လွန်ခဲ့တဲ့ ၃ နှစ်က စတင်မိတ်ဆက်ပေးခဲ့ပြီး လက်ရှိအချိန်အထိ စျေးကွက်အတွင်းမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် အထူးကို ဂုဏ်ယူမိပါတယ်။ အထူးကောင်းမွန်တဲ့ စျေးကွက်ချဲ့ထွင်နိုင်စွမ်းအားနဲ့ စျေးကွက်ရဲ့ တုန့်ပြန်မှု အနေအထားများကို လေ့လာဆန်းစစ်ကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံမှ အနုပညာလက်ရာမြောက်စွာနဲ့ ဖန်တီး ထုတ်လုပ်ထားတဲ့ အဆင့်မြင့် Kirin Ichiban ဘီယာကို မြန်မာစားသုံးသူတွေ အနေနဲ့ အမှန်တကယ် နှစ်ခြိုက်စွာ အားပေး သောက်သုံးနေကြတယ် ဆိိုတာကို မီးမောင်းထိုးပြီး ပြသနေပါတယ်။” ဟု မြန်မာဘရူရီလီမိတက် ကီရင်အီချီဘန်၏ Brand Manager ဖြစ်သူ Takashi Harada က ဖြည့်စွက် ပြောကြားခဲ့သည်။

Kirin Ichiban (ကီရင်အီချီဘန်) အနေနဲ့ စျေးကွက်ထဲသို့ စတင်ပြီး ဝင်ရောက်လာခဲ့သည့် အချိန်မှစပြီး သဘာဝပတ်ဝန်းကျင်နှင့် အနုပညာမြောက် ဘီယာချက်လုပ်မှု အစဉ်အလာများကို လေးစားလိုက်နာပြီး အရသာပိုင်း ကောင်းမွန်မှုကို အထူးအလေးထားခဲ့သည်။ Kirin Ichiban (ကီရင်အီချီဘန်) အနေဖြင့် အခြား မည်သည့်ဘီယာနှင့်မျှ မတူညီသည့် အချက်မှာ မုယောစပါးစစ်စစ်မှ ပထမဆုံးရရှိသည့် ဦးရည်သီးသန့်ကိုသာ အသုံးပြု ချက်လုပ်ထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်  ထူးခြားသည့် First Press နည်းပညာကို အသုံးပြုပြီး ထုတ်လုပ်ထားသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဘီယာဖြစ်ပြီး ကြည်လင်သန့်စင်ပြီး ပြေပြစ်မျှတသည့်၊ အနံအရသာနှင့် ပြည့်စုံသည့် အဆင့်မြင့် ဘီယာကို ခံစားသောက်သုံးနိုင်မည် ဖြစ်သည်။

Kirin Ichiban (ကီရင်အီချီဘန်) ၏ အထင်ကရ အမှတ်တံဆိပ်ဖြစ်သည့် Kirin ရုပ်ကောင်သည် ကံကောင်းခြင်းနှင့် ပျော်ရွှင်မှုတို့ကို ယူဆောင်လာပေးနိုင်စွမ်းရှိသည့် ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင် ဖြစ်ပြီး အာရှတခွင်မှ စားသုံးသူများ ရင်းနှီးကျွမ်းဝင်မှုရှိသည့် အမှတ်တံဆိပ်လည်း ဖြစ်သည်။ လက်ရှိအချိန်တွင် Kirin Ichiban (ကီရင်အီချီဘန်) သည် မြန်မာဘရူရီလီမိတက်၏ စျေးကွက်အတွင်း အအောင်မြင်ဆုံး ထုတ်ကုန်တစ်ခု အဖြစ် ရပ်တည်လျက်ရှိနေသည်။

Kirin Ichiban (ကီရင်အီချီဘန်) ကို မြန်မာနိုင်ငံတစ်ဝန်းသို့ ဖြန့်ချိရောင်းချ အရောင်းမြှင့်တင်မှုများ ပြုလုပ်လျက် ရှိနေပြီး ယခုအခါတွင် အွန်လိုင်း၌လည်း ဒီဂျစ်တယ်ဆက်သွယ်မှု ပုံစံသစ်အနေဖြင့် Facebook Messenger ပေါ်တွင် Kirin Ichiban (ကီရင်အီချီဘန်) ဘီယာနှင့် ဆက်စပ်သည့် အကြောင်းအရာများကို အလိုအလျောက် ဖြေကြားပေးမည့် Kirin Chatbot အသစ်ကို အသုံးပြုနိုင်ပြီဖြစ်သည်။ မြန်မာဘရူရီ လီမိတက်နှင့် Kirin Ichiban  (ကီရင်အီချီဘန်) အနေဖြင့် လာမည့်လများအတွင်း စိတ်ဝင်စားဖွယ်ရာ အရောင်းမြှင့်တင်ရေး အစီအစဉ်သစ်များ ပြုလုပ်သွားမည်ဖြစ်သည်။

***

မြန်မာဘရူရီလီမိတက်အကြောင်း

မြန်မာနိုင်ငံ၏ နံပါတ်တစ် နိုင်ငံတကာအဆင့် ဘီယာထုတ်လုပ်သူနှင့် ဖြန့်ချိသူ မြန်မာဘရူရီလီမိတက် (Myanmar Brewery Limited - MBL) ကို ၁၉၉၅ ခုနှစ်တွင် မြန်မာ့ အဖျော်ယမကာ စျေးကွက်၏ အထင်ကရ ဖက်စပ်လုပ်ငန်းကြီးအနေဖြင့် စတင်တည်ထောင်ခဲ့သည်။ မြန်မာဘရူရီလီမိတက်အနေဖြင့် လက်ရှိအချိန်၌ မြန်မာ့ဘီယာစျေးကွက်ကို ဦးဆောင်လျက်ရှိပြီး အထင်ကရ ထုတ်ကုန်အမှတ်တံဆိပ်များတွင် Andaman Gold ၊ Black Shield ၊ Myanmar ဘီယာနှင့် Myanmar Premium ဘီယာတို့အပြင် Kirin Ichiban (ကီရင်အီချီဘန်) ကဲ့သို့သော နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည့် အမှတ်တံဆိပ်များ ပါဝင်နေသည်။ မြန်မာဘရူရီ၏ ထုတ်ကုန် အမှတ်တံဆိပ်များသည် ပြည်တွင်းစျေးကွက် ကဏ္ဍအားလုံးကို လွှမ်းခြုံထားပြီး စားသုံးသူများ၏ လိုအပ်ချက်နှင့် ရွေးချယ်မှုများအလိုက် ကိုက်ညီမှုရှိစေရန် တန်ဖိုးနည်း အမှတ်တံဆိပ်များမှ ထိပ်တန်းအဆင့် အမှတ်တံဆိပ်များအထိ ပါဝင်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly