ဟစ်တလာ ပိုင်ဆိုင်ခဲ့တဲ့ ရှားပါး စာအုပ်တစ်အုပ် ကနေဒါမှာ တွေ့ရှိထိန်းသိမ်း

ဟစ်တလာ ပိုင်ဆိုင်ခဲ့တဲ့ ရှားပါး စာအုပ်တစ်အုပ် ကနေဒါမှာ တွေ့ရှိထိန်းသိမ်း

ဇန်နဝါရီ ၂၄ ။            ။ ဂျာမနီ နာဇီ အာဏာရှင် အဒေါ့ဖ် ဟစ်တလာ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ရှားပါး စာအုပ်တစ်အုပ်ကို ကနေဒါ ရှေ့ဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ဌာနက ရရှိထိန်းသိမ်းထားလျက် ရှိတယ်လို့ ဆိုပါတယ်။

ယင်း စာအုပ်ကတော့ ဟစ်တလာ တစ်ချိန်တုန်းက ပိုင်ဆိုင်ခဲ့ဖူးတဲ့ ၁၉၄၄ ခုနှစ်ထုတ် စာအုပ်ဖြစ်တယ်လို့လည်း ပြောပါတယ်။

" အမေရိကန်နဲ့ ကနေဒါမှာ ရှိတဲ့ ဂျူးတွေနဲ့ပတ်သက်တဲ့ စာရင်းအချက်အလက်၊ မီဒီယာနဲ့ အဖွဲ့အစည်းများ" အမည်ရ စာမျက်နှာ ၁၃၇ မျက်နှာပါ ယင်းစာအုပ်ကတော့ ဂျာမန်လို ရေးထားပြီး နာမည်ကျော် ဂျာမန် ဘာသာဗေဒပညာရှင် Heinz Kloss ရေးတဲ့ စာအုပ်ဖြစ်ပါတယ်။

ဟစ်တလာကတော့ စာဖတ် အလွန်ဝါသနာပါသူတစ်ဦးဖြစ်ပြီး ၎င်းဆီမှာ စာအုပ်၊ စာစောင် ၆,၀၀၀ ကနေ ၁၆,၀၀၀ အထိ စုဆောင်းထားတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ယခု ရှားပါး စာအုပ်ကိုတော့ ဂျူးဘာသာဝင် ကုန်သည်တစ်ဦးဆီကနေ ဝယ်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း ကနေဒါ ရှေ့ဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ဌာနက ထုတ်ပြန်သွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly