ဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂူအင်ကို အငှားစာချုပ်ဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ချယ်လ်ဆီး

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂူအင်ကို အငှားစာချုပ်ဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ချယ်လ်ဆီး
Photos: Chelsea

ချယ်လ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဂွန်ဇာလို ဟီဂူအင်ကို ယူရို ၃၆ သန်း (ပေါင် ၃၁.၃ သန်း) တန်ကြေးရှိ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့ အငှားစာချုပ်နဲ့ ရာသီကုန်အထိ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဝါရင့်တိုက်စစ်မှူး ဟီဂူအင်းအတွက် ချယ်လ်ဆီးအသင်းက အငှားခေါ်ယူကြေး ပေါင် ၉ သန်းပေးချေခဲ့ရပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၂၇၀,၀၀၀ ရရှိလိမ့်မယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူးရဲ့ အငှားစာချုပ်ကို ယူရို ၁၈ သန်း (ပေါင် ၁၅.၆ သန်း)နဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လအထိ သက်တမ်းတိုးနိုင်တဲ့ အချက်အလက်လည်း ပါရှိပါတယ်။

အသက် ၃၁ နှစ် ဟီဂူအင်းဟာ အေစီမီလန်အသင်းမှာ ပထမရာသီဝက်အထိ ၂၂ ပွဲ ကစားခဲ့ရာ ၈ ဂိုး သွင်းယူထားပါတယ်။

“ချယ်လ်ဆီအသင်းကို ပူးပေါင်းဖို့ အခွင့်အရေးပေးလာချိန်မှာ ဒါကို ကျနော်ကိုယ်တိုင် အရယူခဲ့ပါတယ်။”လို့ ဟီဂူအင်းက ပြောပါတယ်။

“အံ့သြဖွယ်ကောင်းတဲ့ အားကစားကွင်း၊ သမိုင်းကြောင်းတွေ အများကြီးရှိတဲ့ ဒီအသင်းကို ကျနော် အမြဲတမ်း နှစ်သက်ပါတယ်။ ပြီးတော့ သူတို့ဟာ ပရီးမီးယားလိဂ်မှာ ကစားတယ်။ ကျနော်က ဒီလိဂ်မှာ အမြဲကစားလိုသူပါ။”

ဟီဂူအင်းရဲ့အပြောင်းအရွှေ့ဟာ သတ်မှတ်ချိန်ဖြစ်တဲ့  ဗုဒ္ဓဟူးနေ့ နေ့လည်အထိ မပြီးပြတ်သေးတာကြောင့် သူဟာ စပါးအသင်းနဲ့ ကြာသပတေးနေ့မှာ ရင်ဆိုင်ရမယ့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်သေးမှာ မဟုတ်ပါဘူး။

ဟီဂူအင်းဟာ နာပိုလီအသင်းကို ဆာရီကိုင်တွယ်စဉ်က စီးရီးအေ ၃၆ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ဖူးသူဖြစ်ပြီး ချဲလ်ဆီးမှာတော့ သူ့ရဲ့ဆရာဟောင်းနဲ့ ပြန်လည်လက််တွဲခွင့်ရရှိမှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့တာဝန်ခံ ဒါရိုက်တာ မာရီနာဂရာနော့ဗ်စကီးကလည်း ဟီဂူအင်းဟာ ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာ သက်သေပြနိုင်ခဲ့သူဖြစ်ပြီး အခုအပြောင်းအရွှေ့ကာလအတွင်း ကလပ်ရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly