လိင်ပြောင်းထားသူတွေကို စစ်သားသစ်မစုဆောင်းဖို့ ထရမ့်အစိုးရကို တရားရုံးချုပ်က အခွင့်အာဏာပေး

လိင်ပြောင်းထားသူတွေကို စစ်သားသစ်မစုဆောင်းဖို့ ထရမ့်အစိုးရကို တရားရုံးချုပ်က အခွင့်အာဏာပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ။         ။ လိင်ပြောင်းထားသူတွေကို အမေရိကန်စစ်တပ်အတွင်း စစ်သားသစ် စုဆောင်းတာကို တားမြစ်နိုင်တဲ့ အခွင့်အာဏာကို သမ္မတ ဒေါ်နယ်ထရမ့် အစိုးရထံ တရားရုံးချုပ်က အင်္ဂါနေ့မှာ ခွင့်ပြုပေးလိုက်ပါတယ်။

 ထိလွယ်ရှလွယ် ဖြစ်တဲ့ ဒီကိစ္စရပ်အပေါ်မှာ တရားဥပဒေပြုုပြီး တားမြစ်နိုင်ခွင့်ကို ထရမ့်အစိုးရက တရားရုံးချုပ် ခွင့်ပြုချက်နဲ့ ရရှိသွားတာပဲ ဖြစ်ပါတယ်။

 အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ လိင်ပြောင်းထားသူတွေကို စစ်မှုထမ်းခြင်းကနေ တားမြစ်နိုင်ခွင့်ကို အောက်ခုံရုံးတွေက ထရမ့်အစိုးရကို ခွင့်ပြုခြင်း မရှိတာကြောင့် အိမ်ဖြူတော်က ဒီကိစ္စရပ်မှာ ကြားဝင်ဆောင်ရွက်ပေးဖို့ တရားရုံးချုပ်ကို တိုက်တွန်းခဲ့တာပါ။

 ယခင်သမ္မတဟောင်း ဘားရတ်အိုဘားမားလက်ထက်က ခွင့်ပြုခဲ့တဲ့ လိင်ပြောင်းထားသူတွေ စစ်မှုထမ်းခွင့်ဟာ စစ်တပ်ရဲ့ ထိရောက်မှုနဲ့ တိုက်ခိုက်ရေးခွန်အားအတွက် အလွန်ပဲ ဘေးများတယ်လို့ ထရမ့်အစိုးရက ဆိုထားပါတယ်။

 အောက်ခုံရုံးမှာ ဥပဒေပြုရေး လုပ်ဆောင်နေစဉ်မှာ လိင်ပြောင်းထားသူတွေကို စစ်သားသစ်အဖြစ် စုဆောာင်းတာကို ရပ်ဆိုင်းထားဖို့ တရားရုံးချုပ်က ၅ မဲ၊ ၄ မဲနဲ့ ဆုံးဖြတ်ချက် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

 သမ္မတဟောင်း အိုဘားမားလက်ထက် ပေါ်လစီအရ လိင်ပြောင်းထားသူတွေကို ၂၀၁၇ ဇူလိုင် ၁ ရက်ကစပြီး စစ်သားသစ်စုဆောင်မှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပေါ်လစီကို အလုံးစုံသုံးသပ်ပြီး ဆုံးဖြတ်ချက် မချရသေးခင် ၂၀၁၈ ဇန်နဝါရီ ၁ ရက်အထိ လိင်ပြောင်းထားသူတွေကို စစ်သားသစ်စုဆောင်းတာကို ထရမ့်အစိုးရက ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly