စပိန်မှာ မီတာ ၁၀၀ အနက် ရေတွင်းထဲ ပြုတ်ကျတဲ့ ကလေးငယ်လေးကို ကိုးရက်မြောက်တဲ့အထိ မကယ်တင်နိုင်သေး

စပိန်မှာ မီတာ ၁၀၀ အနက် ရေတွင်းထဲ ပြုတ်ကျတဲ့ ကလေးငယ်လေးကို ကိုးရက်မြောက်တဲ့အထိ မကယ်တင်နိုင်သေး

မက်ဒရစ်၊ ဇန်နဝါရီ ၂၃ ။           ။ စပိန်နိုင်ငံမှာ ရေတွင်းထဲ ပြုတ်ကျတဲ့ ကလေးငယ်လေးကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတာ ကိုးရက်အထိ ရှိလာပြီး အင်္ဂါနေ့မှာဆိုရင် နှောင့်နှေးမှု ကြုံနေပါတယ်။

 ခက်ခက်ခဲခဲ အခြေအနေမှာ ကယ်ဆယ်ရေး လုပ်ဆောင်နေရတာကြောင့် ခက်ခဲရှုပ်ထွေးမှုတွေ ရင်ဆိုင်နေရပြီး ရင်တမမ ရှိနေတဲ့ အချိန်ပါ။

 ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ နှစ်နှစ်အရွယ် ဂျူလန်ရိုဆဲလ်လိုဆိုတဲ့ ကလေးငယ်ဟာ ကျဉ်းမြောင်းတဲ့ ရေတွင်းထဲ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

 တိုတာလန်မြို့မှာ ဖြစ်ပွားတဲ့ ဒီဖြစ်စဉ်မှာ ကလေးငယ်ရဲ့ မိဘတွေက ပျော်ပွဲစားအတွက် ပြင်ဆင်နေချိန် သူတို့ရဲ့ သားငယ်ဟာ မီတာ ၁၀၀ (ပေ ၃၅၀ ) အနက်ရှိတဲ့ ရေတွင်းထဲ ပြုတ်ကျခဲ့တာပါ။

 အဲဒီ ပြုတ်ကျသွားပြီးကတည်းက ကလေးငယ်ကို မတွေ့ရှိတော့ဘဲ အဆက်အသွယ် ပြတ်လို့ နေပါတယ်။ ကယ်ဆယ်ရေးသမားတွေကတော့ ကလေးငယ်ဟာ ရေတွင်းထဲမှာ ရှိနေတယ်လို့ ထင်မြင်ယူဆလျက် နာရီနဲ့အမျှ ကလေးငယ်ဆီ ရောက်ရှိရေး လုပ်ကိုင်ဆောင်ရွက် ရှိနေကြတာပါ။

 အင်္ဂါနေ့က ကယ်ဆယ်ရေးလုပ်ငန်းမှာတော့ အလုပ်သမားတွေဟာ မျှော်လင့်ချက်တွေ ဖြစ်ပေါ်လာပေမယ့် ကလေးငယ်ကို ဆွဲတင်မယ့် နည်းပညာအားနည်းတာကြောင့် အခက်အခဲ ပြန်တွေ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်း ထပ်ပြီး နှောင့်နှေးမှု ဖြစ်ရတော့တာပဲ ဖြစ်ပါတယ်။

 “အသက်နဲ့ ရင်းပြီး ကယ်ဆယ်ရေး ဆောင်ရွက်နေကြသူတွေဟာ ကလေးငယ် အသက်ရှင်နေမှာလို့ ယုံကြည်နေပြီး သူ့ကို အသက်ရှင်လျက်နဲ့ ပြန်ကယ်တင်နိုင်မှာပဲ ဖြစ်ပါတယ်။”လို့ မာလာဂါပြည်နယ် မြို့ပြအစောင့်ရဲတပ်ဖွဲ့ ပြောခွင့်ရသူ ဘာနာဒိုမိုတိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly