အင်ဒိုနီးရှားမှာ ဒုက္ခိတ ကျားမကြီးကနေ ကျားသားပေါက်လေး (၂) ကောင် မွေးဖွား

အင်ဒိုနီးရှားမှာ ဒုက္ခိတ ကျားမကြီးကနေ ကျားသားပေါက်လေး (၂) ကောင် မွေးဖွား

ဇန်နဝါရီ ၂၃ ။             ။ အင်ဒိုနီးရှားမှာ ရှေ့လက်တစ်ဖက် ပြတ်နေလျက် ရှိတဲ့ ဒုက္ခိတ ဆူမားတြား ကျားမကြီးတစ်ကောင်ကနေ ကျားသားပေါက်လေး နှစ်ကောင်ကို မွေးဖွားထားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဂါဒစ်လို့ အမည်ပေးထားတဲ့ အဆိုပါ ဆူမားတြား ကျားမကြီးကတော့ ပြီးခဲ့တဲ့ တစ်လအကြာတုန်းက ဆူးမားတြားမြောက်ပိုင်းက ပါဒန်း လာဝက်စ် တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးကြိုးဝိုင်းအတွင်းမှာ ကျားသားပေါက်လေးတွေကို ဖွားမြင်ခဲ့တာဖြစ်ပါတယ်။

မျိုးသုဉ်းမယ့်အန္တရာယ် ရင်ဆိုင်နေရတဲ့ အဆိုပါ  ကျားမျိုးစိတ်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ပူပန်နေရချိန် ယခုသတင်းကတော့ ဝမ်းသာစရာ သတင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

မိခင် ကျားမကြီးကတော့ ပြီးခဲ့တဲ့ နှစ် နှစ်အကြာတုန်းက တောဝက် ထောင်ချောက်တစ်ခုမှာ ညပ်မိရာကနေ ထိခိုက်မိပြီး သူမရဲ့ ရှေ့လက်တစ်ဖက်ကို ဖြတ်တောက်ထားခဲ့ရတာဖြစ်ပါတယ်။

" ကျားမကြီးက သားပေါက်ပြီးတော့ ခုတော့ ကျန်းမာရေး ပြန်ကောင်းလာနေပါပြီ" ဆိုပြီး ကြိုးဝိုင်း တာဝန်ခံ ပါတာ ဘက်စ်မာလီက ပြောသွားပါတယ်။

ယခု သားပေါက်လာတဲ့ ကျားပေါက်လေးတွေကိုတော့ အထီး၊ အမ ခွဲခြားသိရှိရသေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

ဆူမားတြား ကျားတွေ ခုလိုမျိုး သားပေါက်ခြင်းက ကြုံတောင့်ကြုံခဲလိုမျိုး ဖြစ်နေပြီး ယင်းကျားမျိုးစိတ်တွေကတော့ လက်ရှိမှာ မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှားပါးမျိုးစိတ်တစ်ခုလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly