ကမ္ဘာ့ ဖလိုင်းဝိတ်ချန်ပီယံကို ထပ်မံစိန်ခေါ်ရန် စိတ်အားထက်သန်နေသော Adriano Moraes

ကမ္ဘာ့ ဖလိုင်းဝိတ်ချန်ပီယံကို ထပ်မံစိန်ခေါ်ရန် စိတ်အားထက်သန်နေသော Adriano Moraes

ဘရာဇီးနိုင်ငံသားကစားသမား Adriano “Mikinho” Moraes သည် ပြိုင်ဘက် ONE ဖလိုင်းဝိတ်ကမ္ဘာ့ချန််ပီယံဖြစ်သူ ဖိလစ်ပိုင်ကစားသမား Geje “Gravity” Eustaquio ထံမှ ခါးပတ်ကို ပြန်လည်ရယူလိုပြီး ONE Championship ဖလိုင်းဝိတ်တန်း၏ ချန်ပီယံအဖြစ် တဖန်ပြန်လည်ဝံ့ကြွားနိုင်ရန် စိတ်အားထက်သန်လျက်ရှိသည်။

ဇန်နဝါရီလ ၂၅ ရက် သောကြာနေ့ည၌ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Asia Arena ခန်းမကြီးတွင် ကျင်းပမည့် ONE:  HERO’S ASCENT ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းကြီးတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းအောင် တွေ့ဆုံယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

“Eustaquio က သိပ်ကောင်းတဲ့ ကစားသမားပါ။ သူက အလွန်တော်တဲ့သူပါ။” ဟု Moraes က ပြောသည်။

“ကျွန်တော်အနေနဲ့ ပြောရရင် ကျွန်တော့် ကစားသမားသက်တမ်းတစ်လျှောက်မှာ ကစားသမားတစ်ယောက်တည်းနဲ့ ပြန်လည်ယှဉ်ပြိုင်ရတာ ပထမဆုံးဖြစ်ပြီး ပြိုင်ဘက်က သူဖြစ်နေတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာကောင်းပါတယ်။” ဟု ၎င်း ကဆိုသည်။

 ကံကြမ္မာက ဖန်တီးထားသလိုပင် ၎င်းတို့ ၂ ဦးသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ONE: RISE OF KINGDOM ပြိုင်ပွဲကြီးတွင် ပထမဆုံးတွေ့ဆုံကာ ONE ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုစဉ်က Moraes က မြေပြင်ကစားကွက်များတွင် အသာစီးရကာ ဒုတိယအချီတွင် Eustaquio ကို လည်ပင်းချုပ်ကွက်ဖြင့် အရှုံးပေးစေခဲ့သည်။

“ပြိုင်ပွဲမှာ ကျွန်တော် ကစားခဲ့တာ ကောင်းတယ်ဆိုတာ သိပါတယ်။” ဟု American Top Team မှ ကစားသမား Moraes က ဆိုသည်။

“ကျွန်တော့် နပမ်းကစားကွက်တွေက သိပ်ကောင်းတယ်။ ကျွန်တော်သူ့ကို ခဏခဏလှဲချနိုင်ခဲ့တဲ့အတွက် ကျွန်တော့် နပမ်းကစားကွက်တွေက ကောင်းတယ်လို့ ပြောလို့ရပါတယ်။” ဟု ၎င်းက ပြောပြသည်။

ထိုပြိုင်ပွဲအပြီးတွင် Eustaquio သည် ၄ နှစ်တာပတ်လုံး ချန်ပီယံ စိန်ခေါ်ပွဲကို ပြန်လည်ယှဉ်ပြိုင်နိုင်ရန် အရိုးကြေကြေ အရည်ခမ်းခမ်းကြိုးစားခဲ့သည်။ ပြီးခဲ့သော ဇွန်လက Mikinho ကို အမှတ်နှင့် အနိုင်ရရှိခဲ့ပြီး ၎င်း၏ ချန်ပီယံခါးပတ် ရရှိရေး ခရီးစဉ်အောင်မြင်ကာ ONE ဖလိုင်းဝိတ်ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သည်။

Moraes သည် ပြီးခဲ့သော ၂၀၁၅ ခုနှစ်တွင် Kairat “The Kazakh” Akhmetov က ၎င်းထံမှ ခါးပတ်ကို ရယူသွားပုံကို အမှတ်ရနေသေးကာ ၎င်းတို့၏ ပြန်လည်တွေ့ဆုံပွဲတွင် ဒိုင်များ၏ ဆုံးဖြတ်ချက်ဖြင့် အနိုင်ရယူရန် စိတ်အားထက်သန်လျက်ရှိသည်။

Moraes သည် ယခင်နည်းလမ်းဖြင့် Eustaquio ကို အနိုင်ရယူရန် စီစဉ်ထားပြီး ယခုတစ်ခေါက်တွင် ပိုမိုကောင်းမွန်အောင် ကစားသွားမည်ဖြစ်သည်။

“ကျွန်တော့်  ခါးပတ်ကို ပထမဆုံး ဆုံးရှုံးသွားရတဲ့ပွဲမှာ Kairat Akhmetov ကို အမှတ်ပေးစနစ်နဲ့ ရှုံးခဲ့တာပါ။ ပြီးတော့ ဒုတိယအကြိမ် ထပ်ရှုံးတော့ စိတ်ဓာတ်တွေ ပြန်စုစည်းပြီး အိမ်ပြန်ခဲ့တယ်။ ထပ်ပြီးကြိုးစားခဲ့ပါတယ်။” ဟု Moraes က ရှင်းပြသည်။

“ဒီပြိုင်ပွဲအတွက် ကျွန်တော် အရမ်းကို စိတ်အားထက်သန်နေပါတယ်။ တစ်ခါတလေ ဂျူဂျစ်ဆုကစားရင် ကျွန်တော့်အတွက် အရမ်းကို စိတ်အေးလက်အေးရှိတယ်။ ဒါပေမယ့် ကိုယ်ခံပညာသိုင်းပေါင်းစုံက ထိုးနှက်တဲ့ ကစားကွက်တွေမှာ စိတ်ကြွနေဖို့လိုပါတယ်။” ဟု ၎င်းက ဆိုသည်။

Moraes သည် ၎င်း၏ ကစားသမားသက်တမ်းတွင် အလွန်အရေးပါသော ပြိုင်ပွဲများထဲမှ တစ်ခုအတွက် အစွမ်းကုန် လေ့ကျင့်ပြင်ဆင်လျက်ရှိသည််။ ၎င်း၏ ယှဉ်ပြိုင်မှု ကစားကွက်များသည် ပြိုင်ပွဲအပြီး ဒိုင်များအဆုံးအဖြတ်ပေးသည့်အခါ အမှတ်စာရင်းကို ပြန်ကြည့်စရာမလိုလောက်အောင် ဒိုင်တို့၏ စိတ်ဝင်စားမှုကို ဖမ်းစားထားနိုင်သည်အထိ ကောင်းမွန်စေရန် ကြိုးစားနေသည်။

 ONE ဖလိုင်းဝိတ်တန်း၏ ချန်ပီယံဟောင်းဖြစ်သူနှင့် လက်ရှိချန်ပီယံတိုု့သည် တစ်ယောက်ကို တစ်ယောက် အလွန်လေးစားချစ်ခင်ကြသော်လည်း Moraes က ထိုသို့လေးစားမှုသည် ၎င်းနှင့် သက်ဆိုင်သော ချန်ပီယံခါးပတ်ကို ပြန်လည်ရယူရန်အတွက် နှောင့်နှေးစေနိုင်မည် မဟုတ်ဟု ဆိုသည်။

“ကျွန်တော် အရင်ကထက် ပြင်းထန််တဲ့ကစားကွက်တွေ ပိုပြီးကစားသွားမှာပါ။ ကျွန်တော်က ဘယ်လို ချန်ပီယံလဲဆိုတာ တစ်ကမ္ဘာလုံးကို ပြသချင်တယ်။ ကျွန်တော် အကောင်းဆုံး ကစားသွားဖို့ အသင့်ဖြစ်နေပါပြီ။” ဟု Moraes က ထပ်လောင်းပြောကြားသည်။

“ကျွန်တော်နဲ့ Geje က ဖလိုင်းဝိတ်တန်းသမိုင်းမှာ မှတ်တမ်းဝင်ကစားသမားတွေပါ။ ကျွန်တော်တို့ ၂ ယောက် ခါးပတ်လုပွဲပြိုင်ရမှာဆိုတော့ အလွန်ဝမ်းသာမိပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်တယ်။ ခါးပတ်ကို ပြန်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု ၎င်းက ဆိုသည်။

 ယခုနှစ်အတွင်း ONE ဖလိုင်းဝိတ်ကမ္ဘာ့ Grand Prix ပွဲကို ကျင်းပမည့်အပြင် Demetrious “Mighty Mouse” Johnson ၏ ပွဲဦးထွက်ပြိုင်ပွဲလည်းရှိနေသေးသောကြောင့်

၂၀၁၉ ခုနှစ်သည် ဖလိုင်းဝိတ်တန်း ကစားသမားများအတွက် အလွန်ပင် ခမ်းနားကြီးကျယ်ပြီး အလုပ်များသော နှစ်တစ်နှစ်ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းရသည်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာအဖွဲ့အစည်း၏ သက်တမ်းရင့် ထိပ်တန်းအားကစားသမားတစ်ဦး အနေဖြင့် စိန်ခေါ်သူသစ်များကို ယှဉ်ပြိုင်ရန်် ရှေ့တန်းတွင်ရှိနေသင့်သည်ဟု Moraes က ယုံကြည်ထားသည်။

“ကျွန်တော်အနေနဲ့ ONE Championship ကို ကာကွယ်ရမယ်။ ကျွန်တော်က ONE ရဲ့ ဖလိုင်းဝိတ်တန်းမှာ အာရှကိုယ်စားပြု အကောင်းဆုံးကစားသမားပါ။ သူက အမေရိကကနေ အာရှကို ရောက်လာတဲ့သူလေ။ ကျွန်တော်တို့ နေရာကို ကျွန်တော်တို့ ကာကွယ်ရမှာပေါ့။ သူက ကမ္ဘာ့အဆင့် အကောင်းဆုံးကစားသမားပါ။ သူက သိပ်ကိုတော်ပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း ကစားသမားကောင်းပဲ။ ကျွန်တော်သူနဲ့ ပြိုင်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် သက်သေပြဖိို့ မစောင့်နိုင်တော့ဘူး။” ဟု Moraes က Johnson ကိုပြောခဲ့သည်။

သို့သော် Moraes သည် ဇန်နဝါရီလ ၂၅ရက်နေ့တွင် ယှဉ်ပြိုင်ရမည့် Geje “Gravity” Eustaquio နှင့် စိန်ခေါ်ပွဲကိုလည်း မေ့မထားချေ။ ယခုအောင်ပွဲသည် ၎င်းအနေဖြင့် ချန်ပီယံခါးပတ်ကို ပြန်လည်ရရှိစေရန်အတွက် အရေးကြီးသကဲ့သို့ နောက်ထပ် ချန်ပီယံခါးပတ်များ ရယူနိုင်ရန်အတွက်လည်း အရေးပါသောပွဲတစ်ခုဖြစ်ပေတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly