ပုသိမ်ကြိုးတံတား ကျိုးသည်ဟု သတင်းလွှင့်သူအား တံတားအထူးအဖွဲ့မှ ပုဒ်မ ၆၈(ဃ)ဖြင့် အမှုဖွင့်

ပုသိမ်ကြိုးတံတား ကျိုးသည်ဟု သတင်းလွှင့်သူအား တံတားအထူးအဖွဲ့မှ ပုဒ်မ ၆၈(ဃ)ဖြင့် အမှုဖွင့်

ပုသိမ်၊ ဇန်နဝါရီ ၂၂ ။          ။ ပုသိမ်ကြိုးတံတား ကျိုးကျသွားသည်ဟု ဖေ့ဘွတ်ခ်တွင် Soe Moe Aung အကောင့်ဖြင့် ရေးတင်ခဲ့သူအား တံတားအထူးအဖွဲ ့၁၆ မှ လက်ထောက်ညွန်ကြားရေးမှူးက ဆက်သွယ်ရေးပုဒ်မ ၆၈(ဃ)ဖြင့် ပုသိမ်မြို့မရဲစခန်း တွင် အမှုဖွင့်ထားကြောင်း လမ်းဦးစီးဌာန၊ညွန်ကြားရေးမှူးဦးမြင့်ဦးက မဇ္စျိမသို႔ ပြောသည်။

“သတင်းတွေ လွှင့်ခဲ့တဲ့ Soe Moe Aung အကောင့်ကိုလည်း ကျွန်တော်တို့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ ့အညီ ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့်ပြီး ဆောင်ရွက်လျက် ရှိပါတယ်။ အနီးကပ် ကြီးကြပ်ပြီး တာဝန်ယူဆောင်ရွက်နေ တဲ့ တံတားအထူးအဖွဲ႕-၁၆က လက်ထောက်ညွန်ကြားရေးမှူးဦးမင်းခိုင်က အမှုဖွင့် ဆောင်ရွက်နေပါတယ် ” ဟု ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်ဦးက ပြောသည်။

 ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်က Soe Moe Aung အကောင့်မှ ဖေ့ဘွတ်ခ်တွင် ပုသိမ်မြို့ရှိ ပုသိမ်ကြိုးတံတား ကျိုးကျသည် ဟု ရေးသားတင်ခဲ့ခြင်းလည်းဖြစ်သည်။

 “ လမ်းတံတားဦးစီးဌာနက အမှုဖွင့်ထားပါတယ်၊ ဆက်သွယ်ရေးပုဒ်မ ၆၈(ဃ)နဲ ့ အမှုဖွင့်ဆောင်ရွက်ထားတာ ရှိပါတယ်၊ တရားခံကို ဆက်လက် စုံစမ်းနေပါတယ်၊ပြစ်ဒဏက် တစ်နှစ် အထိ၊ ဒဏ်ငွေလည်းချနိုင်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ႕မှူးရုံး၊ ဒုတိယရဲမှူကြီး ထွန်းရွှေက ပြောသည်။

 အဆိုပါ ပုသိမ်ကြိုးတံတားသည် တန်၂၀ အောက် ယာဉ်များအား သွားလာခွင့်လည်းပြုထားသော တံတား ဖြစ်သည်။

 “အပြုသဘောနဲ႔တံတားတွေဖြစ်ဖြစ် လမ်းတွေဖြစ်ဖြစ် အပြုသဘောနဲ႔ဆို သက်ဆိုင်ရာဌာနကို ဖြစ်ဖြစ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ ့ကို ဖြစ်ဖြစ်၊ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဖြစ်ဖြစ် အပြုသဘောနဲ႔ဆို ကျွန်တော်တို႔က လက်ခံကြိုဆိုနေပါမယ် ”ဟု လမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်ဦးက ပြောသည်။

ယခုကဲ့သို့ မမှန်သတင်းထုတ်လွှင့်မှုများအား ဥပဒေပြဌာန်းချက်များ၊ ဌာနညွန်ကြားချက်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ႔အနီးကပ်ညွန်ကြားမှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၄င်းကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၈-၁၉ဘဏ္ဍာနှစ်တွင် ၀ါးခယ်မမြို့နယ်ရှိ ရွှေလောင်းကြိုးတံတား၊ ကျွန်းကုန်း ကြိုးတံတားနှင့်ဝါးခယ်မကြိုးတံတား၊လပွတ္တာမြို ့နယ်ရှိ ပင်လယ်လေးတံတားများ အသစ် တည်ဆောက်ခြင်းများ ပြန်လည်ပြုပြင်ခြင်းများလည်း ပြုလုပ်နေသည်။

 ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ႔တွင်မြောင်းမြကြိုးတံတား ပြတ်ကျမှုဖြစ်ပွားခဲ့ပြီးနောက် ကြိုးတံတားများအား ပြန်လည်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး တန်ချိန်များ ပြောင်းလဲသတ်မှတ်ခဲ့သည်။

 ပုသိမ်ကြိုးတံတားသည် ၂၀၀၄ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး တံတား အထူးအဖွဲ႔ ၁၆မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်နေသော တံတား ဖြစ်သည်။

 ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(ဃ) အရ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစိီရင်ခြင်း ခံရလျှင် ထိုသူအား တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် - (က) မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း၊ (ခ) သတင်းအချက်အလက် ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း ၊ ဆက်သွယ်ခြင်း၊ ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း ကို ခွင့်ပြု ချက်မရှိဘဲ တားမြစ်ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း၊ (ဂ) ဦးစီးဌာန၏ သဘောတူညီချက်ဖြင့် တားမြစ်ထားသော ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သည့် နေရာအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ (ဃ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်တွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းလိုင်စင်ရရှိသူက တာဝန် ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား တာဝန်ဝတ္တရား ထမ်းဆောင်မှုကို တားမြစ်ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း တို့အတွက် ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly