အရိုး အကြောရောဂါကို ဘယ်လိုကာကွယ်မလဲ ( အပိုင်း ၃ - နိဂုံးပိုင်း )

By မျိုးသန့်(မဇ္စျိမ)
22 January 2019
အရိုး အကြောရောဂါကို ဘယ်လိုကာကွယ်မလဲ ( အပိုင်း ၃ - နိဂုံးပိုင်း )

မင်္ဂလာပါခင်ဗျား၊  4R health Talk က ကြိုဆိုပါတယ်ခင်ဗျား။   အရိုးအကြော အထူးကုဆရာဝန်ကြီး ကို ဖိတ်ခေါ်ထားပါတယ်။ ဆရာကဆိုရင်တော့ အန္ဒိယနိုင်ငံ ချင်နိုင်း ဆေးရုံက အရိုးအကြောခွဲစိတ် အထူးကုဆရာဝန် Dr. R Sankar ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ကို အပတ်စဉ် ကူညီပေးနေကျဖြစ်တဲ့ 4R Health Talk ကို ကမကထလုပ်ပေးနေတဲ့ Mr. Ravindra Jain ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့  ကျွန်တော်တို့ကို ဘာသာပြန် အကူအညီပေးမှာ ဖြစ်ပါတယ် ခင်ဗျာ။   အပိုင်း(၂) မှာတော့  အရိုးကျည်းပေါင်း၊ ဒူးနာ၊ ခါးနာတွေနဲ့ ကလေးတွေ ဖြစ်တတ်တဲ့ အရိုးအကြော အကြောင်းတွေကို ဆွေးနွေးထားပါတယ်။

Mr. Ravindra Jain ။    ။ ခုခေတ်ကလေးတွေက ဆိုလို့ရှိရင် အရင်ခေတ်က ကလေးတွေနဲ့ မတူဘူး ရောဂါတွေပိုရတယ် ကယ်စီယံတွေလည်း တအား အားနည်းတယ် စတာတွေပေါ့နော်။ အဲ့ဒီလို အားနည်းတယ်ဆိုတဲ့အတွက်ကြောင့် ဘယ်လိုလုပ်မှ ဒီကလေးတွေကို ကြိုတင်ကာကွယ်မှု ပြုလုပ်ရမလဲခင်ဗျာ။

Dr. R Sankar ။ ။ နေတဲ့စရိုက်တွေ ပုံသဏ္ဍာန်တွေပြောင်းလဲသွားတယ် ဆိုတဲ့အတွက်ကြောင့် ဒီ ဗိုက်တာမင် D တွေ ဘာတွေ စားနေရတာထက်စာရင် အစားအသောက်တွေကိုလည်း ပိုပြီးတော့ ဂရုစိုက်ပြီးတော့ နေသင့်တယ်၊ တစ်ချိန်လုံး အိမ်ထဲမှာပဲ မနေဘဲနဲ့ပေါ့နော်၊ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်သင့်တယ်၊ အထူးသဖြင့် ဗိုက်တာမင် D ကို ဘယ်လိုလူမျိုးတွေက ပိုစားသင့်တယ်ဆိုတော့ ကလေးငယ်တွေကို ကျွေးသင့်တယ်၊ နောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နောက် အရမ်းအသက်ကြီးတဲ့ လူတွေကို ပေါ့နော်၊ ဗိုက်တာမင်ဒီ ဟာ တစ်နေ့ကို တစ်လုံးတော့ ပုံမှန် 1 ဂရမ်ပေါ့။ အဲ့ဒီလို ပေးကို ပေးသင့်ပါ တယ်။ နောက်တစ်ခုကတော့ ဒီဗိုက်တာမင်ဒီ ရဖို့ဆိုလို့ရှိရင် လူတွေက မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီ နေရောင်ခြည်လေးရရင် ပိုကောင်းပါတယ်။ တကယ်လို့ အရမ်း ပူနေတဲ့ နေ့ခင်းဆိုလို့ ရှိရင်လည်း၊ ညနေပိုင်းမှာ နာရီဝက်လောက်ဖြစ်ဖြစ် ခဏထွက်ပြီးတော့ နေရောင်ခြည်လေးရအောင် လုပ်လို့ရှိရင်လည်း ကောင်းပါတယ်။ အဲ့ဒီလို နေရောင်ခြည်ရအောင် ဆိုလို့ဆိုလည်း တစ်ချို့ အမျိုးသားတွေ အကီႋျတွေချွတ်ပြီးတော့ပေါ့နော် နေရောင်ခြည်ရအောင်လို့၊ ဒီလိုလည်း မလိုပါဘူး။ မျက်နာလောက်နဲ့ လက်လောက်နဲ့ အဲ့ဒီလိုမျိုးလေး နေရောင်ခြည်ရတယ်ဆိုလို့ရှိရင်လည်း ဒါ ဗိုက်ဒါမင်ဒီ ကို အလိုလို ရပြီးသားဖြစ်ပါတယ်။    ။

ကယ်စီယံကတော့ အားလုံးအတွက် လိုအပ်ပါတယ်။ အဲဒီတော့ အဓိက ကယ်စီယံ ဆိုလို့ရှိရင် နွားနို့တွေသောက်ရမယ်၊ ဟင်းသီးဟင်းရွက်တွေလည်း စားရမယ်။ ဒါပေမယ့် ဗိုက်တာမင်ဒီ မရှိရင် ကယ်စီယံ ဘယ်လောက်ပဲစားစား ခန္ဓာကိုယ်က အဲဒီလောက် မထိန်းချုပ်နိုင်ပါဘူး၊  ဗိုက်တာမင် ဒီ သာ များများရှိတယ်ဆိုရင် ကယ်စီယံကို ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့ အတွက်ကြောင့် ဗိုက်တာမင်ဒီ ဆိုတာလည်း အထွေအထူးတော့ မဟုတ်ပါဘူး၊   နေရောင်ခြည်ထဲမှာ တစ်နေ့ကို ၁၀ မိနစ် ၁၅ မိနစ်ပေါ့နော် အဲ့ဒီလိုလေး နေရောင်ခြည်ရတယ်ဆိုရင်ကို တော်တော် အဆင်ပြေပါပြီ။

Mr. Ravindra Jain ။    ။ WHO ကဆိုလို့ရှိရင် မွေးခါစကလေးကို မွေးပြီဆိုရင် မွေးပြီးကတည်း ကနေ ခြောက်လတိုင်အောင် မိခင်နို့ရည် တိုက်ကျွေးရမယ်လို့ပြောတယ် ၊ဒါဟာ ဘယ်လောက် အထိများ   ကောင်းသလဲ၊ တစ်ခြားဟာ အစားထိုးဖို့ရော ဘာအဆင်ပြေပါ့မလဲ ။

ဖြေ ။   ။ မိခင်နို့ရည် တိုက်ကျွေးတာကတော့ အကောင်းဆုံးပါပဲ ၊ဒါထက် ကောင်းတဲ့ဟာက မရှိဘူးပေါ့၊ တကယ်လို့များ မိခင်က နို့ရည်မတိုက်ကျွေးနိုင်ဘူး ကျန်းမာရေးမကောင်းဘူးဆိုလို့ရှိရင် အစားထိုးအနေနဲ့တော့ တိုက်ကျွေးသင့်တယ်၊ မိခင်နို့ရည်ထက်ကောင်းတာတော့ ဘယ်ဟာမှ မရှိပါဘူး။

Mr. Ravindra Jain ။  ။   အိန္ဒိယမှာရှိတဲ့ အပိုလို ဆေးရုံနဲ့ အခြား နိုင်ငံမှာရှိတဲ့ ဆေးရုံရယ် ဘာတွေ ကွာခြားချက်တွေရှိသလဲ၊ ဘာတွေများ ပံ့ပိုးပေးနိုင်သလဲ ကလေးငယ်တွေနဲ့ ပတ်သက်ပြီးတော့ ပေါ့ ။

ဖြေ ။     ။ ကျွန်တော်ကိုယ်တိုင်ကလည်း အင်္ဂလန်ရော၊ အိုင်ယာလန်မှာရော USA မှာလည်းပဲ အလုပ်သွားလုပ်ဘူးပါတယ်။ ၂၀၀၆ ပြန်လာတဲ့အချိန်မှာတော့ ဒီအပိုလိုဆေးရုံမှာဆိုလို့ရှိရင် တကယ်တော့ ကလေးတွေအတွက် ကလေးတွေပြုစုဖို့အတွက် ဆေးရုံရယ်လို့ သေသေချာချာတော့ မရှိသေးဘူး။ အဲဒီအချိန်မှာ သူတို့ကနေပြီးတော့ မေတ္တာရပ်ခံပြီးတော့ ကလေးငယ်တွေကို စောင့်ရှောက်ပေးဖို့အတွက် ကလေးအထူးကုဆေးရုံလေးကို ဆောက်ခိုင်းတဲ့အခါမှာ နောက်ပိုင်းမှာတော့ ဆောက်ဖြစ်သွားပါတယ် ။ ကလေးတွေ အထူးကုဆေးရုံဟာ အခြားသော နိုင်ငံမှာရှိတဲ့ ဆေးရုံမှာရှိနေတဲ့ facility ပေါ့နော်၊ အကုန်လုံးပစ္စည်းတွေကအစ အကုန်လုံးကိုလည်း ပြည့်ပြည့်ဝဝထားပေးထားတယ်ဆိုတဲ့ အတွက်ကြောင့် အကောင်းဆုံးနီးပါးလောက်ကို ရှိပါတယ်။ နောက်ဆေးတွေနဲ့ ပတ်သက်လာလို့ရှိရင်လည်း သူတို့အကောင်းဆုံးဖြစ်အောင် ပေးပေးထားပါတယ်။

အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့   မြန်မာနိုင်ငံရော ဘင်္ဂလာဒေ့ရှ်နိုင်ငံရော အခြားနိုင်ငံကနေပြီးတော့ အဲ့ဒီအပိုလို ဆေးရုံမှာ ကလေးတွေအတွက် အထူးကုအနေနဲ့ ဆိုပြီး လာရောက်ကုသနေတာတွေ အများကြီးရှိပါတယ်၊ ဒါကလည်း ဆေးရုံတကယ်ကောင်းလို့ လာရောက်ကုသနေတာဖြစ်ပါတယ်။

မျိုးသန့် ။ ။ အရိုးကျည်းပေါင်းက ကုလို့ရပါသလား။ ဘယ်ဖက်တစ်ခြမ်းလုံး ထုံကျဉ်ကိုက်ခဲပြီးတော့ ညောင်းလည်း ညောင်းတယ်၊ လက်ကလည်း အရမ်းကိုက်တယ်၊ ညအိပ်ရင် ခေါင်းအုံးတောင်မသုံးဘူး၊ အဲဒီတော့ ဘယ်လိုကုသမှု ခံယူသင့်ပါသလဲခင်ဗျာ။

ဖြေ။ ။   အဲ့ဒါတော့ အဓိကကတော့ နှစ်ချက်ရှိတာပေါ့နော်၊ တစ်ချက်ကတော့ ဒီ နာ့ဗ်ကြောရိုးနဲ့ ပတ်သက်ပြီးတော့ တစ်ဖက်ဖက်က နာကျင်ခံစား နေရတာမျိုးလည်း ဖြစ်နိုင်သလိုမျိုး၊ နောက်တစ်ချက်က တစ်ခြားရောဂါကုရင်းနဲ့ပေါ့နော် side effect  အနေနဲ့ ဒီလိုနာတာလည်း ဖြစ်နိုင်တယ် အဲဒီလို တစ်ခြားရောဂါကုနေရင်းနဲ့ဆိုရင်တော့ ပျောက်နိုင်တယ်ပါတယ်။ ကုသလို့ ရပါတယ်။အဲဒီလိုမျိုး ဘယ်ဖက်ကြီးပဲ တစ်ချိန်လုံးတောက်လျှောက်နာကျင်နေတယ် ဆိုလို့ရှိရင်တော့ နှလုံးအထူးဆရာဝန်တွေနဲ့ပါ ပြန်ပြီး သွားပြသင့်ပါတယ်လို့ ကျွန်တော် အကြံဉာဏ်ပေးပါရစေ။

မျိုးသန့် ။ ။     ခါးရိုးကျိုးလို့ စတီးချောင်း ဆယ့်နှစ်ချောင်းတောင် ထည့်ထားတယ်။ နောက် ငါးလ ကြာတဲ့အခါကျတော့ ပြန်ပြီးတော့ ခါးနာလာပါတယ်။ အဲ့ဒီတော့  စတီးချောင်းထောက်ထားတဲ့နေရာ က  လွဲချင်နေပြီလို့ ယူဆပါတယ်။ အဖေ့အသက်က ၇၈ နှစ် ဆိုတော့ ထပ်မခွဲချင်တော့ဘူး။  အဲ့ဒီတော့ ဘာလုပ်ရင် သက်သာမလဲ၊ အခု အိမ်မှာတောင်မှ အိပ်နေရင်းနဲ့တောင် မထနိုင်တော့ဘူး ပေါ့နော်။ ပတ်လက်နေရတာကြာပြီ  ။ အဲ့ဒါလေး ဖြေပေးစေလိုပါတယ်။

ဖြေ။ ။  ပိုကောင်းတာကတော့ ပထမဦးဆုံးအနေနဲ့ပေါ့နော် ဓာတ်မှန်လေးရိုက်ကြည့်ပေးပါ။ ဓာတ်မှန်ရိုက်ကြည့်ပြီးရင် ခုနကလေးငယ်လေးလိုမျိုးပဲ အီးမေလ်းနဲ့ပဲဖြစ်ဖြစ် ဗိုက်ဘာ နဲ့ပဲဖြစ်ဖြစ် ဓာတ်မှန်ကို ပို့ပေးတယ် ဆိုလို့ရှိရင်တော့   ဘာဖြစ်သလဲဆိုတာ ကြည့်ပြီးရင် ပြောပေးလို့ရပါတယ်။

မျိုးသန့် ။ ။ သူကတော့ ဒူးအရွတ်တွေပျက်စီးနေပါတယ် ။ ဒူးအောက်ပိုင်းက အမြဲပဲအောင့်ပြီးတော့ နာနေပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ ဘယ်လိုဆက်ပြီးတော့ ဆေးကုသရမလဲ။ လူကလည်း နည်းနည်း ဝ တယ်ပေါ့လေ၊ ဘယ်လိုမျိုး ဆက်လုပ်ရင် သက်သာပါမလဲ  ခင်ဗျာ။

ဖြေ။ ။   တကယ်လို့ ဒူးတွေဘာတွေ အရမ်းနာကျင် ကိုက်ခဲတယ်ဆိုလို့ရှိရင်တော့   ငါးဆယ့်ငါးနှစ်အောက် ဆိုလို့ရှိရင်တော့ ဒူးအစားထိုးပေးတာတွေ သိပ်မလုပ်ပေးကြဘူး။ တကယ်လို့များ လုပ်ချင်တယ်ဆိုလို့ရှိရင် သုံးဆယ့်ငါးနဲ့ လေးဆယ့်ငါးမှာ တကယ်တော့ သူတို့နေနိုင်သေးတယ်လေ။ သူတို့ရဲ့ ကွာလတီ လိုက်ဖ် တစ်ခုမှာ ငယ်သေးတယ်ပေါ့၊ နေလို့ရသေးတယ် ဆိုရင်တော့ နေစေချင်တယ် ။ မရဘူးဆိုရင်တော့ ဒူးအစားထိုးတာမျိုးကိုတော့ လုပ်သင့်ပါတယ်။

ကိုမျိုးသန့် ။ ။   သမီးက သုံးနှစ်ရှိပါပြီ၊ လမ်းက မလျှောက်သေးဘူးပေါ့နော်၊ လမ်းမလျှောက်တာ အကြော မသန်လို့လား။ အရိုးတစ်ခုခုဖြစ်နေလို့လား၊ ဒီကလေး လမ်းလျှောက်အောင် ဘယ်လိုလုပ်သင့်သလဲ ဆိုတာ ဖြေကြားပေးပါ ခင်ဗျာ။

ဖြေ။ ။  ကလေးဆိုတာ ပုံမှန်အနေအထားဆိုရင်တော့ ခြောက်လဆိုရင် သွားတယ် ။ ငုတ်တုတ်ထထိုင်တယ်။ ၁၂ လကနေပြီးတော့ ၁၈ လမှာဆိုလို့ရှိရင် လမ်းစလျှောက်တယ်။ အဲဒီလို သွားနေရတဲ့ ပုံမှန်ကလေးမျိုး မဟုတ်ဘဲနဲ့ တော်တော်နောက်ကျနေတယ်လို့ရှိရင် ကလေးက ငယ်ငယ်တုန်းက အရမ်းဖျားပြီးတော့များ ဦးနှောက်မှာများ တစ်ခုခုထိထားသလား ။ အာရုံကြောများ တစ်ခုခုထိထားသလား။ အဲ့ဒီတော့ အထူးအဓိက ဂရုစိုက်သင့်တာက အာရုံကြော အထူးကုဆရာဝန် တွေ ဘာတွေနဲ့ သွားပြသင့်ပါတယ်။ အဲဒီလိုမျိုးပြပြီးတော့မှ လေ့ကျင့်ခန်းလေးတွေတော့ ပြုလုပ်သင့် ပါတယ်။

ကိုမျိုးသန့် ။ ။   သူ့အမေရဲ့ ခြေထောက်တစ်ဖက်က ပေါင်ရင်းလောက်အထိကို ဖြတ်ထားရတာပေါ့နော် ၊ အဲဒီတော့ ပေါင်အရင်းက အမြဲတမ်း အကြောဆွဲတယ်။ ဆေးသောက်တယ်ဆိုရင် တစ်ချက်တစ်ချက် သက်သာတယ်၊ ဆေးမသောက်ရင်တော့ ပြန်ဖြစ်တယ် အကြောဆွဲတယ်ပေါ့လေ။ အဲဒီတော့ ဘယ်လိုအစားအစာတွေ သုံးစွဲပြီးတော့မှ ဘယ်လိုလေ့ကျင့်ခန်း လုပ်သင့်ပါသလဲ။ သူ့အမေကတော့ အသက် ခြောက်ဆယ်ကျော်သွားပြီတဲ့။

ဖြေ။ ။   အသက်ခြောက်ဆယ်ဆိုတာ တကယ်လို့ တစ်ချို့ ဒီလို ခြေထောက်တွေ ဘာတွေ ဖြတ်ထားတယ်ဆိုလို့ရှိရင်တော့ ဆီးချိုအတွက် ဖြတ်တာမျိုးရှိတယ်။ ကားတွေဘာတွေ တိုက်လို့ ဖြတ်ရတာမျိုးဆိုရင် ဒါကြောင့်အကြောဆွဲတယ်၊ အကြောနာတယ်ဆိုတာတော့ သိပ်မဟုတ်ဘူးပေါ။့ မဖြစ်နိုင်ဘူးပေါ့နော်၊ တကယ်တော့   ဓာတ်မှန်လေးရိုက်ကြည့်စေချင်တယ်။ အဲ့ဒီလို ဓာတ်မှန်ရိုက်ကြည့်လိုက်လို့ ပေါ်လာနိုင်တာတစ်ခုကတော့ ဒီအရိုးကနေ အင်ဖက်ရှင်တွေပေါ့နော်၊ အဲဒီလိုများ ဖြစ်နိုင်မလားပေါ့၊ အဲ့ဒါလေးများ ဖြစ်နေမလားဆိုတာလေးကိုတော့ စိတ်ထဲမှာ နည်းနည်း သံသယဖြစ်မိတယ်၊ ဒါမျိုးဆိုလို့ရှိရင် ကုရတာလွယ်ပါတယ်။

မေး။ ။ ကျွန်တော်တို့ နိုင်ငံကလည်း ဗုဒ္ဓဘာသာနိုင်ငံဆိုတဲ့အခါကျတော့ ကျွန်တော်တို့ တရားထိုင်တာတွေ ဘာတွေရှိတယ်ပေါ့လေ ရှိတဲ့အခါမှာ   ၂၀၀၄ ခုနှစ် ၄ လပိုင်းဆိုတော့ သင်္ကြန်တွင်း ဖြစ်ပါလိမ့်မယ်။   တစ်လတရားစခန်းဝင်တဲ့အခါ ဘာဖြစ်လဲဆိုတော့   ၂၆ ရက်လည်း ရောက်ရော ခြေထောက်တွေ နာကျင်ကိုက်ခဲပြီးတော့မှ တော်တော်ထုံကျဉ် ကိုက်ခဲတဲ့ ဝေဒနာစွဲကပ်ခဲ့တယ်၊ ဆေးခန်းတွေလည်း စုံပါပြီ၊ အခုထိ ဆေးစားနေရတုန်းပဲ ။အဲဒီတော့ ပျောက်ကင်းနိုင်တဲ့ နည်းလမ်း လေးများ ရှိတယ်ဆိုလို့ရှိရင် ပြောပေးပါခင်ဗျား။

ဖြေ။ ။   ခန္ဓာကိုယ်ကို မရွှေ့ဘဲနဲ့ ထိုင်နေတယ်ဆိုတဲ့အတွက်ကြောင့်လည်း အရိုးကမရွှေ့မလျားဖြစ်နေလို့ ထိုင်နေရင်းနဲ့မှ ပျက်စီးသွားတာမျိုး။ အရိုးပျက်စီးသွားတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်၊ အဲ့ဒီတော့ အဓိကဖြစ်သင့်တာကတော့ ဓာတ်မှန်ကို ပြန်ရိုက်ကြည့်ပေးပါ။ ရိုက်ပြီးရင် ဆရာဆီကို အီးမေလ်းနဲ့ဖြစ်ဖြစ် ဖိုက်ဘာ နဲ့ပဲဖြစ်ဖြစ် ပို့ပေးကြည့်ပါ။ ဒါဆိုလို့ဆိုရင်တော့   ဘာများလုပ်ပေးနိုင်မလဲ ဆိုတာလေးကိုတော့ အကြောင်းပြန်ပေးလို့ရပါတယ်။

မေး။ ။ အသက်က ၃၅ နှစ်ရှိပြီ  ခါးနာနေလို့ အိမ်သာတက်တိုင်းထိုင်မရဘူး။  ခါးနာပျောက်ဆေး ထိုး ဆိုရင်လည်း ထိုးတယ်၊ အရိုးအကြောဆေးရုံသွားတော့လည်း မပျောက်ဘူးပေါ့လေ၊ အဲ့ဒီတော့ ခါးကလည်း ရောင်နေတယ်။ အဲ့ဒါ ဘယ်လိုလုပ်ရမလဲ ဆိုတာကို အကြံပေးပါဦး ခင်ဗျာ။

ဖြေ။ ။   ခါးနာတာတစ်ခုတည်းက စိတ်မပူရပါဘူး။ တစ်အားခါးနာလာပြီး ခြေထောက်ပါနာလာတယ် ဆိုလို့ရှိရင်တော့ နာ့ဗ်ကြောတွေနဲ့ ဆိုင်သွားတယ်ဆိုရင် နည်းနည်းတော့ စိတ်ပူရပါတယ်၊ အဲဒီတော့ ထုံးစံအတိုင်းပဲ   ဓာတ်မှန်လေး ရိုက်ကြည့်ပေးပါ။ ရိုက်ကြည့်ပေးပြီးတဲ့အခါကျရင် ဆရာ့ဆီကို ပို့ပေးတယ်ဆိုလို့ရှိရင်တော့ ဆရာကြည့်ပေးလို့ရပါတယ်။

မေး။ ။   သူ့အမေက အသက် ၈၅ နှစ်ပါပြီ။ ဒူးကတော့ မနာပေမယ့်  မတ်တပ်ရပ်ပြီးတော့ လမ်းလျှောက်လို့မရဘူး။ တစ်နှစ်လောက်ရှိပြီ အဲဒါဘယ်လိုလုပ်ရပါမလဲ ခင်ဗျာ။   သူကတော့ ထင်ထားတာ အကြောများ တစ်ခုခုလွဲနေသလားပေါ့နော် အကြောပြဿနာများရှိသလား။

ဖြေ။ ။   သူက ထိန်းနိုင်မှု မရှိဘူးပေါ့နော်။ မျှမျှတတလေး ခန္ဓာကိုယ်က အဲ့ဒီကျရင် သူလမ်းတွေ ဘာတွေလျှောက်ရင်လည်း လိမ့်ကျသွားနိုင်ပါတယ်ပေါ့နော်။ ပိုပြီးတော့ တောင်မှ အဆင်မပြေ ဖြစ်နိုင်တာ အဲ့ဒါကို ထိန်းဖို့အတွက်ကျလို့ရှိရင်တော့ ခါးပတ်လိုဟာမျိုးတွေ စတီးလိုဟာမျိုးလေးတွေနဲ့ ကျိုင်းထောက်လေးတွေ အဲဒီလိုနည်းမှပဲ အဆင်ပြေပါလိမ့်မယ်။

မေး ။   ။ နောက်ဆုံးမေးခွန်းပါပဲ။ ဆရာကနေ  ကျွန်တော်တို့ နိုင်ငံကို ရောက်နေတုန်း ကျွန်တော်တို့ နိုင်ငံက လူတွေကို အရိုးအကြောနဲ့ ပတ်သက်ပြီးတော့ သတိပေးချင်တာ အသိပေးချင်တာရှိရင် နောက်ဆုံး အနေနဲ့ ပြောပေးပါလားခင်ဗျား။

ဖြေ ။ ။ ဆရာ့အနေနဲ့ ပြောချင်တာကတော့ပေါ့နော် တကယ်တော့ ဆရာက ကလေးအထူးကု အရိုးအထူးကု ဆရာဝန်ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် ကလေးငယ်တွေကို ပိုပြီး ဦးစားပေးပြီး ပြောချင်တာကတော့ ငယ်ရွယ်နေတဲ့ အချိန်မှာ ဆိုလို့ရှိရင် မိဘတွေ အနေနဲ့ ကလေးတွေကို exercises တစ်ခုခုလုပ်ခိုင်းမယ်၊  ပြီးရင် အားကစားတွေ တစ်ခုခုလုပ်ခိုင်းပြီး ပြေးတာမျိုးတွေ၊ ရေကူးတာမျိုးလေးတွေ၊ အဲ့ဒါမျိုးတွေ လုပ်ခိုင်းပါ။ တစ်ခါတစ်လေကျရင် ကစားရင်းနဲ့ နည်းနည်းပါးပါး ထိသွားတယ်ဆိုလို့ရှိရင်လည်း ချက်ချင်းပဲ ဆရာဝန်ဆီပြပေးပါနော်။ နည်းနည်းကြာသွားပြီးမှ ဆိုလို့ရှိရင် သူတို့မှာ ကုသချိန်လည်း ပိုပြီးတော့ ကြာသွားမယ် ။အဲ့ဒီတော့ သူတို့မှာ တကယ်နေရမယ့် သူတို့ရဲ့ ဘဝမှာ ကောင်းကောင်းနေရမယ့် အနေအထားတစ်ခုမှာ အချိန်တိုသွားမှာကို စိုးရိမ်ပါတယ်။ အဲ့ဒါကြောင့် ကလေးတွေကို ကောင်းကောင်းမွန်မွန်နည်းနဲ့ ပြုစုစေချင်ပါတယ်ခင်ဗျား ။

Ravindra Jain ။    ။   ကျေးဇူးလည်း အများကြီးတင်ပါတယ်၊ အခုစောင့်ကြည့်ပြီး မေးတဲ့မေးခွန်းတွေ ကို ။ နောက်သတင်းကောင်းလေး တစ်ခုပေးချင်တာကတော့   တကယ်လို့များ အရိုး၊ ဒူးကိုပဲဖြစ်ဖြစ် တင်ပုဆုံးရိုးကိုပဲဖြစ်ဖြစ် အစားထိုးကုသချင်တယ်ဆိုလို့ရှိရင် ချင်နိုင်းမှာရှိတဲ့ အပိုလို ဆေးရုံထိတောင် သွားစရာမလိုပါဘူး ။ မန္တလေးမှာတင် သက်သက်သာသာနဲ့ ဆရာကြီးကိုယ်တိုင်ကိုပေါ့နော် ။ ချိတ်ဆက်ပေးပါမယ်၊ သူတို့နဲ့ ချိတ်ဆက်ထားတာ ရှိပါတယ်။ ဆရာကြီးရဲ့ ရုံးခန်းကတော့ ၂၉ လမ်း ပေါ့နော်။ အဲဒီမှာရှိပါတယ် ၊အိမ်နံပါတ် ၅၀ ။ အောက်ဘလောက်မှာ ရှိတယ်၊ သူ့ဖုန်းနံပါတ် ပြန်ပြောပြပါ့မယ် ၀၉ ၉၇၇ ၁၁၇ ၁၄၀ အဲဒီတော့ အရိုးအကြောနဲ့ ပတ်သက်လာလို့ ဆက်သွယ် ချင်တယ်ဆိုလို့ရှိရင် ဈေးအသက်သာဆုံးနဲ့ လုပ်ပေးပါ့မယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။   ။

  အရိုး အကြောရောဂါကို ဘယ်လိုကာကွယ်မလဲ  အပိုင်း(၁ )အပြည့်အစုံ - http://www.mizzimaburmese.com/article/53989

အရိုး အကြောရောဂါကို ဘယ်လိုကာကွယ်မလဲ  အပိုင်း( ၂ )အပြည့်အစုံ - http://www.mizzimaburmese.com/article/54060
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly