အိန္ဒိယက ကုန်သွယ်ရေးပိတ်ဆို့လိုက်သောကြောင့် လောင်စာဆီ အကျပ်အတည်းတွေ့ရဟု နီပေါပြော

အိန္ဒိယက ကုန်သွယ်ရေးပိတ်ဆို့လိုက်သောကြောင့် လောင်စာဆီ အကျပ်အတည်းတွေ့ရဟု နီပေါပြော

နယူးဒေလီ၊ စက်တင်ဘာ - ၃၀ ။           ။ နီပေါနိုင်ငံတွင် ရေနံပြတ်လပ်မှုကြောင့် ခွဲတမ်းဖြင့် ပေးနေရရာ၊ ၎င်း၏ ဖွဲ့စည်းပုံ အသစ်ပြဌာန်းမှုအပေါ် အိန္ဒိယက တရားမဝင် ကုန်သွယ်ရေးပိတ်ဆို့ လိုက်သောကြောင့်ဖြစ်ရသည်ဟု အပြစ်တင်ထားသည်။

အိန္ဒိယကမူ ကုန်သွယ်ရေးပိတ်ဆို့မှု မပြဌာန်းခဲ့ကြောင်း ငြင်းဆန်ထားပြီး ဟိမဝန္တာနိုင်ငံတွင် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်နေရာ ကုန်တင်ယာဉ်မောင်းများမှာ ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်နေကြသောကြောင့်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

နီပေါ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် မဂဏန်းနံပါတ်ပြားများနှင့် ကားများကို မကဏန်းရက်များတွင်သာ ဆီထုတ်ပေးပြီး၊ စုံဂဏန်းကားများကို စုံရက်များတွင်သာ ဆီထုတ်ပေးသည့် စနစ်တစ်ရပ်ကို ပြဌာန်းကျင့်သုံးနေသည်ဟု ဖော်ပြထားသည်။

ဖွဲ့စည်းပုံသစ်ပြဌာန်းပြီးကတည်းက ဖြစ်ပွားခဲ့သည့် ဆန့်ကျင်ဆန္ဒပြမှုများအတွင်း ဒါဇင်ပေါင်းများစွာသော ဆန့်ကျင်ဆန္ဒပြသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လက်ဇမီ ပရာဆတ် ဒါခါက ဝန်ခံခဲ့သော်လည်း ကုန်တင်ကားများ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရန် လုံခြုံရေး ကြီးကြီးမားမားစိုးရိမ်စရာမရှိကြောင်း အိန္ဒယ၏ ပြောကြားချက်ကို ငြင်းဆန်ခဲ့သည်။

ဖွဲ့စည်းပုံအသစ် မပြဌာန်းမီ လပေါင်းများစွာကပင် နီပေါတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာနေခဲ့သော်လည်း ကုန်တင်ကားများမှာ ပြဿနာကြီးကြီးမားမရှိဘဲ ဝင်ရောက်လာနေနိုင်ခဲ့ကြသည်ဟုလည်း ဒါခါက စီအင်အင်ကို ပြောကြားခဲ့သည်။

''ဖွဲ့စည်းပုံအသစ်ကို ပြဌာန်းလိုက်ပြီဆိုတာနဲ့ အိန္ဒိယက လုံခြုံရေးအကြောင်းပြချက်နဲ့ ကုန်ကားတွေကို ရပ်ထားလိုက်တယ်။ ကျနော်တို့အမြင်ကတော့ အိန္ဒယက နိပေါရဲ့ ဖွဲ့စည်းပုံအသစ်ကို မကျေနပ်လို့ လက်စားခြေတာပါပဲ။ တရားဝင်မကြေညာပေမယ့်လည်း ဒါဟာ ကုန်သွယ်ရေးပိတ်ဆို့လိုက်တာပါ''ဟု ဒါခါက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly