အင်ဒိုနီးရှားမှာ မူးယစ်သံသယမှုနဲ့ ဖမ်းထားတဲ့ ပြင်သစ်နိုင်ငံသား လွှနဲ့ လုံချည်ကို သုံးပြီး အချုပ်ခန်းဖောက် ထွက်ပြေး

အင်ဒိုနီးရှားမှာ မူးယစ်သံသယမှုနဲ့ ဖမ်းထားတဲ့ ပြင်သစ်နိုင်ငံသား လွှနဲ့ လုံချည်ကို သုံးပြီး အချုပ်ခန်းဖောက် ထွက်ပြေး

ဂျကာတာ၊ ဇန်နဝါရီ ၂၁ ။          ။ အင်ဒိုနီးရှားက ရဲအချုပ်ခန်းမှာ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတယ် စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြင်သစ်နိုင်ငံသားဟာ လွှနဲ့ လုံချည်တွေကို သုံးပြီး ထောင်ဖောက်ထွက်ပြေးသွားကြောင်း ရဲက တနင်္လာနေ့မှာ ပြောပါတယ်။

လွမ်ဘော့ကျွန်းက ရဲအချုပ်ခန်းရဲ့ ဒုတိယထပ်မှာ ဖမ်းဆီးထားတဲ့ ဖီလစ်ဒေါဖင်းဆိုတဲ့ ပြင်သစ်နိုင်ငံသားဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ သံတိုင်တွေကို သံဖြတ်လွှနဲ့ ဖြတ်တောက်ပြီး လုံချည်တွေကို စည်းနှောင်လို့ အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။

 ရဲတွေအနေနဲ့ ခုလို အချုပ်ခန်းဖောက် ထွက်ပြေးသွားတဲ့ ပြင်သစ်နိုင်ငံသား ဖီလစ်နောက်ကို လိုက်လံလျက် ရှိနေပါတယ်။

 အသက် ၃၅ နှစ် ရှိ ဖီလစ်ဟာ သေဒဏ် အပေးခံရဖွယ် ရှိတဲ့ တရားရုံးစီရင်ချက် မချခင်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

 သူ့ကို စက်တင်ဘာလအတွင်းက ကိုကင်း၊ အက်စတက်စီနဲ့ အက်ဖီသာမင်းအပါအဝင်ဖြစ်တဲ့ မူးယစ်ဆေးဝါး လေးကီလိုဂရမ် သယ်ဆောင်မှုနဲ့ ဘာလီကျွန်းနားက အပန်းဖြေကျွန်းလေဆိပ်မှာ ဖမ်းဆီိးခဲ့တာ ဖြစ်ပါတယ်။

 အပြစ်ရှိကြောင်း တွေ့ရှိရင် အစိုးရရှေ့နေတွေက ဖီလစ်ကို သေဒဏ်ပေးမပေးက မကျိန်းသေသေးပေမယ့် အင်ဒိုနီးရှားနိုင်ငံဟာ ပြင်းထန်တဲ့ မူးယစ်ဆေးဝါးဥပဒေ ကျင့်သုံးတဲ့ တစ်နိုင်ငံဖြစ်ပြီး မူးယစ်ဆေးဝါး ကုန်ကူးသူအချို့ကို သေဒဏ်ပေးတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly