ထွေအုပ်ဝန်ထမ်းများ လိမ္မာဖို့နှင့် ဖြောင့်မတ်ဖို့လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ထွေအုပ်ဝန်ထမ်းများ လိမ္မာဖို့နှင့် ဖြောင့်မတ်ဖို့လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဖလမ်း၊ ဇန်နဝါရီ ၂၁ ။               ။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ထွေအုပ်ဝန်ထမ်းများအနေဖြင့် လိမ္မာဖို့နှင့် ဖြောင့်မတ်ဖို့လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ တိုက်တွန်းပြောကြားလိုက် သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ချင်းပြည်နယ် ဖလမ်းမြို႕တွင် ပြုလုပ်ခဲ့သည့်လူထုတွေ့စုံပွဲ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားစဉ် ယင်းသို့ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

"မနက်က ကျောင်းသားကောလိပ်တစ်ခုကိုရောက်တော့ အဲ့ဒီထဲလူငယ်တစ်ယောက်က ထွေအုပ်လုပ်ချင်တယ် လို့ ပြောတယ်။ ဘာဖြစ်လို့ထွေအုပ်လုပ်ချင်တာလဲလို့ ကျွန်မမေးလိုက်တယ်။ ထွေအုပ်ဆိုရင် ဘာတွေများ အခွင့်အရေးတွေရလို့ ထွေအုပ်လုပ်ရင်ကောင်းမှာလဲ တွေးလဲပေါ့။ ကြုံတုန်းကျွန်မတစ်ခါထဲ ပြောပါရစေ။ ထွေအုပ်တွေကလိမ္မာဖို့လိုတယ်။ ဖြောင့်မတ်ဖို့ လိုတယ်။ လိမ္မာတယ်ဆိုတာ ကိုယ့်အတွက် လိမ္မာဖို့ပြောတာ မဟုတ်ပါဘူး။ ကိုယ်တာဝန်ယူထမ်းဆောင်နေတဲ့ အရပ်ဒေသအတွက် လိမ္မာဖို့ပြောတာပါ "ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က မှ ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၂၀ ရက်နေ့မှ စတင်၍ ချင်းပြည်နယ်သို့ ရောက်ရှိခဲ့ပြီး လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် ချင်းပြည်နယ်မှ လူငယ်များအနေဖြင့် စိုက်ပျိုးရေး၊မွေးမြူ ရေး၊ပညာရေး၊ အုပ်ချုပ်ရေး ကဏ္ဍများတွင်ပါဝင်လုပ်ကိုင်လိုစိတ်ရှိခြင်းသည် အခြား ပြည်နယ်နှင့် တိုင်းများသာလွန်သည့် အချက်ဖြစ်ကြောင်း အခမ်းအနားတွင် ချီးမွမ်းပြောကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly