အာဆီယံ ရိုးရာဆင်များဖြင့် ပြုလုပ်ထားသည့် Patchwork လက်မှုအနုပညာ လေလံတင်ရောင်းချမည်

အာဆီယံ ရိုးရာဆင်များဖြင့် ပြုလုပ်ထားသည့် Patchwork လက်မှုအနုပညာ လေလံတင်ရောင်းချမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ။          ။ ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ လက်မှတ်ရေးထိုးထားသော အာဆီယံနိုင်ငံအလိုက် ရိုးရာဆင်များဖြင့် ပြုလုပ်ထားသည့် Patchwork လက်မှုပညာအား လာမည့် ဇန်နဝါရီလ ၃၀ ရက်တွင် လေလံတင် ရောင်းချသွားမည် ဖြစ်သည်။

မြန်မာ-အာဆီယံ အမျိုးသမီးချစ်ကြည်ရေးအသင်း (Myanmar-ASEAN Women’s Friendship Association - MAWFA) အသင်းဝင်များ ဖြစ်ကြသော အာဆီယံနိုင်ငံများမှ အမျိုးသမီး သံအမတ်ကြီးများ၊ သံအမတ်ကြီးများ၏ ဇနီးများ၊ သံတမန်ဝန်ထမ်းများနှင့် နိုင်ငံခြားရေးဝန်ထမ်းများ၏ ဇနီးများမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအဆင်များဖြင့် စုပေါင်းချုပ်လုပ် ဒီဇိုင်းပုံဖော်ထားသော Patchwork လက်မှုပညာ ဖြစ်သည်။

လာမည့် ဇန်နဝါရီလ ၂၅ ရက်မှ ၃၀ ရက်နေ့အတွင်း ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်း၌ ကျင်းပပြုလုပ်မည့်  မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်အသင်းမှ ကြီးမှူး၍ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်နှင့် ပြပွဲတွင် ယင်း Patchwork လက်မှုပညာကို လေလံတင်မည် ဖြစ်သည်။

လေလံပွဲမှ ရရှိသည့် ငွေများကို ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းသို့ လှူဒါန်းသွားမည် ဖြစ်သည်ဟု နိုင်ငံရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး လေလံပွဲသို့ စိတ်ပါဝင်စားသူများ အနေဖြင့် လာရောက်အားပေး ယှဉ်ပြိုင်လေလံဆွဲနိုင်ကြောင်း အသိပေးကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly