အောက်လွှတ်တော်ဥက္ကဋ္ဌကို ထပ်မံ ထိုးနှက်တိုက်ခိုက်လိုက်ပြန်တဲ့ ဒေါ်နယ်ထရမ့်

အောက်လွှတ်တော်ဥက္ကဋ္ဌကို ထပ်မံ ထိုးနှက်တိုက်ခိုက်လိုက်ပြန်တဲ့ ဒေါ်နယ်ထရမ့်

ဇန်နဝါရီ ၂၁ ။             ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့  အောက်လွှတ်တော် ဥက္ကဋ္ဌ ဒီမိုကရက်တစ် ခေါင်းဆောင် နန်စီ ပလိုစီ  တို့အကြား တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ထိုးနှက်တိုက်ခိုက်ပြောကြားမှုတွေ ထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါတယ်။

ယခုတစ်ကြိမ်မှာလည်း သမ္မတ ထရမ့်က ဇန်နဝါရီ ၂၀ ရက်မှာပဲ တွစ်တာပေါ်ကနေတဆင့် လွှတ်တော်ဥက္ကဋ္ဌ နန်စီ အပေါ် ပြင်းထန်စွာ တိုက်ခိုက်ပြောကြားခဲ့ပါတယ်။

လက်ရှိ အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း တန့်ရပ်နေမှု အဆုံးသတ်နိုင်ဖို့ အလျော့အတင်းလုပ်မယ့် ကိစ္စတစ်ခု ထရမ့်က အဆိုပြုကမ်းလှမ်းခဲ့တာကို နန်စီ ပလိုစီဘက်က ပယ်ချပြီးနောက် ထရမ့်က ယခုလို တွစ်တာကနေ တိုက်ခိုက်ပြောကြားခဲ့တာဖြစ်ပါတယ်။

"နန်စီ ပလိုစီဟာ တော်တော်လေးကို မဆင်မခြင် လုပ်ခဲ့ပါတယ်၊ သူဟာ ခုဆိုရင် တကယ့် အစွန်းရောက် ဒီမိုကရက် တစ်ယောက် ဖြစ်လာနေပါပြီ" ဆိုပြီး ထရမ့်က တွစ်တာကနေတဆင့် ရေးသားတိုက်ခိုက်ခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ မက္ကဆီကို နယ်စပ်တံတိုင်းကာဖို့ ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ တောင်းခံထားတာကို ဒီမိုကရက်တစ်တို့ဘက်က ခွင့်ပြုပေးနိုင်ရေးအတွက် အလဲအထပ်အားဖြင့် ရွှေ့ပြောင်းအခြေချ တစ်သန်းလောက်ကို ယာယီ အကာအကွယ်အစီအစဉ်တွေ လုပ်ပေးမယ် ဆိုပြီး ထရမ့်ဘက်က ကမ်းလှမ်းခဲ့ပေမယ့် နန်စီ ဘက်က လက်မခံခဲ့တာကြောင့် အပြန်အလှန် တင်းမာမှုတွေ ဖြစ်နေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly