တေးသံရှင် ယူမိုး၏ The Songs of Portrait သီချင်းခွေ မိတ်ဆက်

By ထွန်းထွန်းဝင်း
21 January 2019
တေးသံရှင် ယူမိုး၏ The Songs of Portrait သီချင်းခွေ မိတ်ဆက်

ရန်ကုန် ၊ ဇန်နဝါရီလ ၂၁ ။               ။ ထင်ရှားကျော်ကြားသည့်လူပုဂ္ဂိုလ်အကြောင်းအရာများကို  Blue ၊ Country၊ Juzz  စသည့် ဂီတအမျိုးစားပုံစံ  များဖြင့် တွဲဖက်ဖန်တီးရေးဖွဲ ့ထားပြီး တေးသီချင်း ၅ ပုဒ် ပါဝင်သည့် တေးသံရှင် ယူမိုး၏ မီနီအယ်လ်ဘန်လ် The Songs of Portrait  သီချင်းခွေကို မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ Orchid ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

 “ အခွေမှာတော့Blue ၊Country ၊Juzz  တို့ slow ပုံစံလေးတွေလည်းပါတယ်။ မြန်မာ ပုံစံလေးတွေ ကို ဖန်တီးထားပါတယ်။သီချင်း ၅ပုဒ်ပါဝင်ပါတယ်။ ကျွန်တော်သီချင်းလေးတွေကို မြတ်မြတ်နိုးနိုး နားထောင် ပေးကြပါ” ဟု အဆိုတော် ယူမိုး ကမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

 
The Songs Of Portrait တွင် Blue ၊ Country  ဂီတ သံစဉ်များ ဖြင့် ထင်ရှားကျော်ကြားသည့်  သိဒ္ဓတ္ထ ၊ ဗက်ထရန်စမေလိုဗစ် ၊ မာသာထရီဆာ ၊ ဂျွန်လင် နွန် ၊ မြို ့မငြိမ်း စသည့် ကမ္ဘာအနှံ့ထင်ရှားကျော်ကြားသည့် လူပုဂ္ဂိုလ်အကြောင်းအရာများကို ကိုယ်တိုင်ရေးဖွဲ႕သီဆိုထားကြောင်း သိရသည်။

 ယခုအယ်လ်ဘန်သည် အဆိုတော် ယူမိုး၏ ဒုတိယမြောက် တေးအယ်လ်ဘန်ဖြစ်ပြီး ၁၉၉၆ ခုနှစ်က ပထမဆုံး အခွေ ထွက်ရှိခဲ့ဖူးကြောင်း သိရသည်။ အဆိုပါ ဒုတိယမြောက် တေးအယ်လ်ဘန်တွင်ပါဝင်သော တေးသီချင်း များကို ယူမိုးက ကိုယ်တိုင်ရေးဖွဲ့ထားပြီး ကိုချမ်းဟိန်းကျော် ၊ ကိုကျော်ကျော် ကိုအော်စကာ သန်းတင် တို ့က ပါဝင် တီးခတ်ပေးကာ The Sun Music Production မှ ဖြန့်ချိမည်ဖြစ်ကြောင်း  ဇန်နဝါရီလ ၂၆ ရက်နေ႔တွင် ရန်ကုန်မြို့၌ တစ်ကိုယ်တော် Solo Show ကို ကျင်းပသွားမည်ပာုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly