ရေနံချောင်းရှိ တည်းခိုခန်းပိုင်ရှင်ဇနီးမောင်နှံကို မူးယစ်ဆေးဝါးများနှင့် ဖမ်းမိ

ရေနံချောင်းရှိ တည်းခိုခန်းပိုင်ရှင်ဇနီးမောင်နှံကို မူးယစ်ဆေးဝါးများနှင့် ဖမ်းမိ

မကွေး၊ ဇန်နဝါရီ ၂၁ ။           ။ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် တည်းခိုခန်းပိုင်ရှင်ဇနီးမောင်နှံထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ရေနံချောင်း မြို့မရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ၊မကွေးရဲတပ်ဖွဲ့မှု/ကူအဖွဲ့မှ ရဲအုပ်ဇင်မင်းထွန်း၊ဒုရဲအုပ်အေးနိုင်နှင့်အဖွဲ့သည် ရေနံချောင်းမြို့မရဲစခန်း မှ ဒုရဲအုပ်မျိုးလွင်၊ ရဲတပ်သားအောင်စည်ဟိန်းတို့နှင့်အတူပူးပေါင်း၍ သက်သေများနှင့်အတူ မူးယစ်သတင်းအရ ရေနံချောင်းမြို့၊မြို့မတောင်ရပ်၊ညောင်ပင်ဝိုင်းရပ်တွင်နေထိုင်သော မျိုးမြင့်ထွန်း(ခ)ကိုမျိုး(ချမ်းမြေ့တည်းခိုခန်း ပိုင်ရှင်)၏ ၆၈ယ/.....SUZUKIအနက်ရောင်ဆိုင်ကယ်ကို မြေနီခင်တောင်ရပ်ကွက်၊ဘုရင့်နောင်ရပ်၊ အ.ထ.က (၂)လမ်းကြားတွင် ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မျိုးမြင့်ထွန်း(ခ)ကိုမျိုး၏ဝဲဘက်လက်အတွင်းမှ ခဲပြားဖြင့် ပတ်ထားသော စိတ်ကြွဆေးပြားဟု ယူဆရသည့် 88/1စာတန်းပါပန်းရောင် ဆေးပြား(၄)ပြား၊ (၀.၄ဂရမ်ခန့်) တန်ဖိုးကျပ်၂ဝဝဝဝခန့်နှင့် ၎င်းဝတ်ဆင်ထားသောအင်္ကျီယာဘက်အိတ်ကပ်အတွင်းမှ ငွေစက္ကူရော ၄၅၀၅ဝကျပ်တို့အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် ဒုရဲအုပ်အေးနိုင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ၊မြို့မရဲစခန်းမှ မယ(ပ)၁/၂၀၁၉ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရေနံချောင်းမြို့၊မြို့မတောင်ရပ်ကွက်၊ညောင်ပင်ဝိုင်းရပ်နေကိုမျိုးမြင့်ထွန်း(ခ)ကိုမျိုး(ချမ်းမြေ့တည်းခိုခန်းပိုင်ရှင်)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ၊၎င်း၏ဇနီးဖြစ်သူမှ နေအိမ်တည်းခိုခန်းအပြင်ဘက်သို့၊အနီရောင်ဗူး(၁)ဗူးအား လွှင့်ပစ်သည်ကိုတွေ့မြင်ရသဖြင့် သက်သေများနှင့်အတူ ရှာဖွေရာ၊ဗူးအတွင်းမှ ခဲပြားတစ်လိပ်လျှင်၄ပြားစီပါစိတ်ကြွဆေးပြားဟု ယူဆရသည့်ဆေးပြားလိပ်၁၆လိပ်၊စုစုပေါင်း၆၄ပြား၊(၆.၄ဂရမ်ခန့်)နှင့်ခဲပြားတစ်လိပ်လျှင်၃ပြားစီပါသော စိတ်ကြွဆေးပြားဟု ယူဆရသည့်ဆေးပြားလိပ်၂လိပ်၊ပန်းရောင်ဆေးပြား ၆ပြား(၀.၆ဂရမ်ခန့်)၊88/1စာတန်းပါ ပန်းရောင်ဆေးပြားစုစုပေါင်း(၇၀)ပြား(တန်ဘိုးကျပ်၃၅၀၀၀၀) ကျပ်ခန့်တို့အား တွေ့ရှိရပြီး၊နေအိမ်အတွင်းမှ အစိမ်းရောင်ပလပ်စတစ် ပိုက်တပ်လျက် ဗူးခွံတစ်ခု၊အဖြူရောင်ပလပ်စတစ်ပေါက်ပါဗူးခွံ၁ခု၊၁.၆ပေခန့်ရှိခဲပြားတစ်လိပ်၊ခဲပြားလိပ်အပိုင်း၈ခု၊ရောင်စုံမီးခြစ်၊၆လုးံ၊ D//2စာသားပါ စက္ကူဗူးခွံတစ်ခု တို့အားတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ရေနံချောင်း မြို့မရဲစခန်းမှ မယ(ပ)၂/၂၀၁၉ မူး/စိတ်ပုဒ်မ၁၆(ဂ)/၁၉(က)၂၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly