ပြင်သစ်အဲလ်စ်တောင်တန်းရှိ နှင်းလျှောစီးကွင်းတွင် မီးလောင်ရာ ၂ ဦးသေဆုံး၊ ၂၅ ဦးဒဏ်ရာရ

ပြင်သစ်အဲလ်စ်တောင်တန်းရှိ နှင်းလျှောစီးကွင်းတွင် မီးလောင်ရာ ၂ ဦးသေဆုံး၊ ၂၅ ဦးဒဏ်ရာရ

ဇန်နဝါရီ ၂၁ ။              ။ ပြီးခဲ့တဲ့ တနင်္ဂနွေ (ဇန်နဝါရီလ၊ ၂၀ ရက်)က ပြင်သစ်အဲလ်စ်တောင်တန်း၊ လီယွန်မြို့နားက Courchevel နှင်းလျှောစီးကွင်းထဲမှာ တည်ရှိတဲ့ အလုပ်သမားတန်းလျားမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမီးလောင်မှုကြောင့် တိုက်သုံးတိုက် မီးလောင်ပျက်စီးခဲ့သလို ၂ ဦးသေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ မီးလောင်ခဲ့တဲ့အတွက် နိုင်ငံခြားသားတွေအပါအဝင် Courchevel နှင်းလျှောစီးကွင်းမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်း ၆၀ ဦးလည်း ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ သုံးထပ်တိုက်ကြီးထဲမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေသူ ၂ ဦးကို တွေ့ရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသွားသူများအနက် ၃ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း မီးသတ်ဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးလျက်ရှိပြီး မီးလောင်သွားတဲ့ ဧရိယာတစ်ဝိုက်ကို မီးသတ်သမားအယောက် ၇၀ က ငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly